Wednesday, April 29, 2015

နီပေါငလျင်ကြောင့် ရှေးဟောင်းအမွှေအနှစ်များစွာ ပျက်စီးခဲ့သော်လည်း ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီဥယျာဉ်တွင် ပျက်စီးမှု နည်းပါး

“ငလျင်လှုပ်သွားတဲ့နေရာက ရတဲ့သတင်းတွေအရ နီပေါမှာ ငလျင်ကြောင့် လူသားတွေရဲ့ ဆုံးရှုံးမှုတွေ နဲ့ ပတ်သက်ပြီး ကျမတကယ့်ကို ယူကျူံးမရဖြစ်ရ ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အမွေအနှစ် တစ်ခုဖြစ် တဲ့ ခတမန္ဒူတောင်ကြား ကို အတော်ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်သွားတဲ့ အတွက် အတော်လေး အံအားသင့်စိတ်မကောင်းဖြစ်ရပါတယ်” ဟု ယူနက်စကိုခေါ် ကုလသမဂ္ဂ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ဦးဆောင် ညွှန်ကြားရေးမှုး အာရီနာဘိုကိုဗာက အသိပေးကြေညာ လိုက်သည်။

ယူနက်စကိုအဖွဲ့ ၏ဖြစ်ပွားရာဒေသကို လေ့လာဆန်းစစ်မှုများအရ နီပေါနိုင်ငံ ခတမန္ဒူတောင်ကြားရှိ ကမ္ဘာ့အမွေအနှစ် အထိမ်းအမှတ် ယဉ်ကျေးမှု အဆောက်အအုံများနှင့် သဘာဝ အလှအပများသည် ပြင်း ထန်စွာ ပျက်စီးခဲ့ သည်ဟု ဆိုသည်။ အထူးသဖြင့် ပတန်ဒါဘာရင်ပြင်၊ ဟာနုမန်ဒါဟိုကာ (ခတမန္ဒူ)နှင့် ဘဟာကတပုရာ ရှေးဟောင်းနယ်မြေတို့ မှာလည်း လုံးဝ ပျက်စီး သွားခဲ့သည်။

ထို့ ပြင် နီပေါ၏ သဘာဝအမွေအနှစ်ဖြစ်သည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဧ၀ရက်တောင်အပါအ၀င် ဆဂါမာဒါ အမျိုးသားဥယျာဉ်မှာလည်း ငလျင်ကြောင့် ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်ခဲ့သည်။ သို့ သော် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဗုဒ္ဓဘုရားရှင်ဖွားတော်မူခဲ့ရာ လုမ္ဗနီဥယျာဉ်တို့ မှာ အနည်းငယ်သာ သက်ရောက်ပျကိစီးမှု ရှိခဲ့သည်။

“ ယူနက်စကိုက သူရဲ့ ကျွမ်းကျင်မှုတွေကို နိုင်ငံတကာရဲ့ ကူညီမှုနဲ့ အတူ အမွေအနှစ်နယ်မြေတွေ ကို ဘေးကင်းအောင် ပြန်လည်စောင့်ရှောက်ပြီး နီပေါကို ကူညီပံပိုးပေးသွားမှာပါ။ လောလောဆယ်မှာ ယူနက်စကို အနေနဲ့  နိုင်ငံတကာ ကျွမ်းကျင်သူတွေကို ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာ ဆန်းစစ်ဖို့ ပြင် ဆင်နေပါပြီ။ နီပေါအာဏာပိုင်နဲ့ ဒေသခံတွေဆီက အကြံပေး မှုတွေ အကူအညီတွေနဲ့  ထိန်း သိမ်းစောင့်ရှောက်ပြီး ပြန်လည်ကောင်းမွန် လာဖို့ လုပ်သွားမှာပါ ” ဟု အာရီနာ ဘိုကိုဗာကပြောသည်။

ခတမန္ဒူတောင်ကြား အမျိုးသားယဉ်ကျေးမှုနယ်မြေတွင် သမိုင်းနှင့် အနုပညာဆိုင်ရာ အမှတ်တရ အဆောက်အအုံ ခုနစ်မျိုးရှိပါသည်။ ထို အနုပညာ ယဉ်ကျေးမှုများကြောင့် ခတမန္ဒူတောင်ကြားသည် ကမ္ဘာကျော်ခြင်းဖြစ်ပါသည်။ ထိုအထဲမှာ ဟာနုမန် ဒါဘာရင်ပြင်၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဟိန္ဒူဘုရားကျောင်း များလည်း ပါဝင်သည်။
လင်းလင်း
The Ladies News Journal
Ref - Unesco





0 comments:

Post a Comment