Wednesday, March 18, 2015

ဂျာမဏီမှာ ဥရောပ ဗဟိုဘဏ်သစ် ဖွင့်တာကို ဆန့်ကျင်ဆန္ဒပြ

ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်မြို့မှာ ဥရောပ ဗဟိုဘဏ် ဌာနချုပ် အသစ်ဖွင့်လှစ်တာကို ဆန္ဒပြတဲ့အနေနဲ့ ခြိုးခြံ ချွေတာရေး စီမံချက် ဆန့်ကျင်သူတွေက ရဲကားတွေကို မီးရှို့ပြီး ဂဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ဥရောပ ဗဟိုဘဏ်ရဲ့ ခြိုးခြံချွေတာရေး စီမံချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ဖရန့်ဖွတ်မြို့လယ်မှာ စုရုံးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ဆူပူအုံကြွမှုကြောင့် ရဲအရာရှိတဦး ဒဏ်ရာရသွားပြီး ဗဟိုဘဏ်အဆောက်အဦးသစ် အပြင်ဘက်မှာ ရဲတွေက အကာအရံ အတားအဆီးတွေ ချထားတယ်လို့ သိရပါတယ်။
BBC Burmese

0 comments:

Post a Comment