Thursday, March 12, 2015

တရုတ်ချေးငွေဖြင့် ရဲတပ်ဖွဲ့အဆင့်မြှင့်မည်

မြန်မာပြည်သူများ လုံခြုံရေးအတွက် ရဟတ်ယာဉ်အပါအဝင် အထောက်အကူပြု ယာဉ်ပေါင်း ၉၅၇၈ စီးဝယ်ယူရန်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန် အတွက် တရုတ်နိုင်ငံမှ ချေးငွေ ယွမ် ၂၄၆ သန်း (ကျပ် ၄၄ ဘီလီယံကျော်)ကို အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ချေးယူရန် မတ်လ ၁၁ ရက်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည် ပြုလိုက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ လိုအပ်ချက်များကြောင့် တရုတ်နိုင်ငံမှ ချေးငွေ ယွမ်သန်း ၂၄၆ သန်းချေးယူ ရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၃၉၇ မဲ၊ ကန့်ကွက်မဲ ၅၁ မဲနှင့် ကြားနေမဲ ၁၃ မဲရှိသောကြောင့် ချေးယူရန် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

မြန်မာ့ရဲတပ်ဖွဲ့တွင် ရေကြောင်း ရဲတပ်ဖွဲ့သစ်ကို တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ပြီး မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရဟတ်ယာဉ်များကို နိုင်ငံတကာ စံချိန်စံညွန်းနှင့်အညီ ဝယ်ယူ ဖြည့်တင်းသွားမည် ဖြစ်ကြောင်း၊ အဆိုပါ လိုအပ်ချက်များကြောင့် တရုတ် ချေးငွေကို ရယူရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့တွင် အသုံးပြုနေသော ယာဉ်အစီးရေ ၂၉၄၅ စီးရှိပြီး ရဟတ်ယာဉ် မပါရှိကြောင်း ၎င်းကဆိုသည်။

ယင်းချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ငါးနှစ်၊ ပြန်ဆပ် ကာလ ၁၅ နှစ်ဖြင့် သက်တမ်း နှစ်၂၀ ဖြစ်ကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြထားသည်။
The Voice Weekly

0 comments:

Post a Comment