Thursday, March 12, 2015

လမ်းပြမြေပုံ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)


နာကူမှာလုပ်တဲ့လက်ပံတန်းအကြမ်းဖက်မှုရှုံ့ချပွဲမှာရွတ်သွားတဲ့
မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ကဗျာပါ ....

လမ်းပြမြေပုံ
=======
- ကြွေမှာကြောက်လျှင်
ပိတောက်မပွင့် ...

- မှောက်မှာစိုးလျှင်
မိုးသဲလေကြမ်း လှေကမ်းမခွာ ...

- နာမှာတွေးလျှင်
သွေးလူးခြေထောက်
ဘယ်ဆက်လျှောက်မလဲ ...

- ကြွေစမ်း
မှောက်စမ်း
ပန်းတိုင်ရှေ့မှာ
ကြွေတာဟာ ပွင့်ခြင်း
လှေတစ်စင်း မှောက်ရင်
နောက်မှာ လှေတစ်ရာ
ခြေရာနဲ့ သွေးစက်
ရှေးအဆက်ဆက်ချန်ရစ်

(အဲဒါ ...)
လမ်းပြမြေပုံတွေ ဖြစ်တယ် .....။
.
မောင်စိန်ဝင်း(ပုတီးကုန်း)
FB Zin Min Oo

0 comments:

Post a Comment