Thursday, March 19, 2015

လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား

2015-03-19
အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့လက်ရှိ ချစ်သူရည်းစားနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ချစ်သူရည်းစားဟောင်းတို့ နှစ်ယောက်ရဲ့ ချောင်းထဲခုန်ချပြီး ပိုချစ်တဲ့ သူကို ကယ်ဖို့ ရွေးချယ်ခိုင်းခဲ့တဲ့ အခြေအနေ တစ်ခုမှာ အကျပ် ရိုက်ခဲ့ရပါတော့တယ်။

အသက် ၂၁ နှစ်အရွယ် Wu Hsia ဆိုသူဟာ အသက် ၂၂ နှစ်အရွယ် Rong Tsao ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သူနဲ့ နှစ်ရှည်လများ တွဲလာခဲ့တဲ့ ရည်းစားဟောင်း အသက်၂၀ အရွယ် Jun Tang ကို လမ်းခွဲခဲ့ပါတယ်။

ဒါပေမယ့် ၃ လလောက်ကြာတဲ့အထိ ရည်းစားဟောင်းဖြစ်တဲ့ Jun Tang က သူမနဲ့ ပြန်လည်တွဲဖို့ Wu Hsia ကို ဆက်တိုက် ဆက်သွယ်လာတဲ့အတွက် Wu Hsia က Jun Tang နဲ့ Rong Tsao တို့ ၂ယောက်လုံးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Zhejiang ခရိုင်က Ningbo ဆိုတဲ့ အပန်းဖြေနေရာတစ်ခုမှာ ချိန်းဆိုခဲ့ရာမှာ ပြသနာတွေ စဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ စကားများမှုတွေ စတင်ခဲ့ပြီးနောက် Wu ရဲ့ ပထမရည်းစားဖြစ်သူ Jun Tang က ချောင်းထဲ အရင်ခုန်ချပြီး Wu ကိုလာကယ်ဖို့ အော်ဟစ်ခဲ့တဲ့အခါမှာ Rong Tsao ကလည်း ချောင်းထဲကို အားကျမခံ လိုက်လံခုန်ချပြီး Wu ကို လာကယ်ဖို့ အော်ဟစ်ပြန်ပါတော့တယ်။

အဲဒီအချိန်မှာတော့ Wu ဟာ ချောင်းထဲကို ခုန်ချပြီး သူ့ရဲ့လက်ရှိရည်းစားဖြစ်တဲ့ Rong Tsao ကို ကယ်တင်ကာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး လမ်းမှာပဲ သူ့ရဲ့ အစ်ကိုကို ဖုန်းဆက်ကာ အခြေအနေများ ရှင်းပြပြီး Jun ကို ကယ်ဖို့ပြောခဲ့တဲ့အတွက် Wu ရဲ့ အစ်ကိုက မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားပြီး ကယ်တင်စေခဲ့တယ်လို့ သိရပါတယ်။

တစ်မိသားစုမှာ ကလေးတစ်ယောက်ပဲရှိရမယ် ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံမှာ ဒီလို အဖြစ်အပျက်မျိုးဖြစ်တတ်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်လို့လည်း သိရပါတယ်။
Trend Myanmar
Ref:mirror.co.uk

0 comments:

Post a Comment