Thursday, March 12, 2015

အကြမ်းဖက်သမားဟု သံသယရှိသူကို တင်ဆောင်သည့် လေကြောင်းလိုင်း ပေါင် ၅ သောင်း ဒဏ်တပ်ခံရမည်

ဓာတ်ပုံ (ရိုက်တာ)
12 March 2015
အကြမ်းဖက်သမားဟု သံသယရှိသူကို တင်ဆောင်တဲ့ လေကြောင်းလိုင်းတွေဟာ ဗြိတိန် ပြည်ထဲရေးရဲ့ အမိန်ကို ချိုးဖောက်မှုနဲ့ ပေါင် ၅ သောင်းအထိ ဒဏ်ငွေ ချမှတ်နိုင်တဲ့ ဥပဒေသစ်တခု ဗြိတိန်မှာ မကြာခင် အသက်ဝင်မှာ ဖြစ်ပါတယ်။

မွတ်စလင်ဘာသာရေး စစ်ပွဲကို ဆင်နွှဲမယ့်သူတွေကို တင်ဆောင်တဲ့ လေကြောင်းလိုင်းတွေ အားလုံးအပေါ် ကို ဒီပြစ်ဒဏ်ဟာ သက်ရောက်မှုရှိမှာ ဖြစ်တယ်လို့ ဗြိတိန် ဒေးလီးမေလ်းသတင်းက ရေးပါတယ်။

ဒါအပြင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေရဲ့ အချက်အလက်ကို မပေးနိုင်ရင် ပေါင် ၁ သောင်း ဒဏ်ငွေ ရိုက်ခံရမှာလည်း ဖြစ်ပါတယ်။

ဒီဥပဒေဟာ အစ္စလာမ္မစ် (အိုင်အက်စ်)တွေကို သွားရောက်ပူးပေါင်းမယ့်သူတွေကို တားမြစ်တာလို့လည်း ဆိုပါတယ်။

ဗြိတိန် နိုင်ငံသား ၆၀၀ လောက်ဟာ ဆီးရီးယား အီရတ်ကနေ တဆင့် အိုင်အက်စ်ကို သွားရောက် ပူးပေါင်းခဲ့ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment