Tuesday, March 10, 2015

ပင်မကျောင်းသားသပိတ် အကြမ်းဖက်နှိမ်နင်းခံရ

10.03.2015
လက်ပံတန်းမှာ ပိတ်ဆို့ တားဆီးခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဒီနေ့ နေ့လည်ပိုင်းမှာ အင်အားသုံး နှိမ်နင်း ဖြိုခွဲလိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေကိုရော၊ အဲဒီမှာသတင်းယူဖို့ ရောက်နေတဲ့ သတင်းမီဒီယာသမားတွေကိုပါ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက နံပါတ်တုတ်တွေသုံးပြီး အင်အားသုံး အတင်းဝင်ရောက် နှိမ်နင်းဖြိုခွဲ တယ်လို့ အဲဒီမှာရောက်နေတဲ့ ဗွီအိုအေ မြန်မာဌာန သတင်းထောက်ကပြောပါတယ်။

ဒဏ်ရာရသူအများအပြားရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဆန္ဒပြကျောင်း သားအများအပြားလည်း အဖမ်းခံကြရပါတယ်။

အဲဒီအကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့၊ လှည်းတန်းဈေးရှေ့မှာ နေ့လည် ၃ နာရီလောက်ကနေ ၂ နာရီနီးပါးကြာ ဆန္ဒပြပွဲတခုကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းသားတဦးကို ရဲတွေက ရိုက်နှက်ဖမ်းဆီးပြီး ဆန္ဒပြပွဲကို တားဆီးခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ အဲဒီကျောင်းသား  ကို ပြန်လွှတ်ပေးခဲ့သလို ဆန္ဒပြပွဲကိုလည်း ရပ်နားလိုက်ပါတယ်။
VOA

0 comments:

Post a Comment