Thursday, February 12, 2015

နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက် ယာယီပိတ်


နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို နေ့စဉ်လူ သိန်းနဲ့ချီပြီး ဝင်ရောက်နေတာကြောင့် ပြတိုက်အပေါ်ထပ်ကို လူဝင်ရောက်မှု ယာယီ ပိတ်ပင်လိုက်ပြီလို့ ပြတိုက်တာ ဝန်ခံ ဒေါ်မေမဉ္ဇူက ပြောပါတယ်။

လူအများအပြား ဝင်ရောက်ပါက ပြတိုက် အန္တရာယ်ဖြစ်နိုင်သဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြတိုက် အပေါ်ထပ်သို့ အကန့်အသတ်နဲ့ တက်ရောက်ခွင့် ပြုထားခဲ့ရာမှ ဒီနေ့ (ဖေဖော်ဝါရီလ ၁၂ရက်) တွင် လုံးဝ(ယာယီ) ပိတ်ပင်လိုက်ခြင်း ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“ဗိုလ်ချုပ်အိမ်ကို တစ်ခါမှ မရောက်ဖူးသေးလို့ လာခဲ့တာ။ အခုလူအုပ်ကြီးနဲ့ ရပ်စောင့် နှစ်နာရီလောက် ရှိသွားပြီ” လို့ တောင်တွင်းကြီးမြို့နယ်မှ လာရောက်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဝင်းမျိုးက ဆိုပါတယ်။

နတ်မောက်မြို့အတွင်းမှာရှိတဲ့ နတ်မောက်-မကွေး ကားလမ်း၊ နတ်မောက်-ပျော်ဘွယ် ကားလမ်း၊ နတ်မောက်-တောင်တွင်းကြီး ကားလမ်းတစ်လျှောက်နဲ့ မြို့တွင်းလမ်းတစ်လျှောက် မှာလည်း မော်တော် ယာဉ်တွေနဲ့ ပြည့်နှက်နေပြီး ယာဉ်တစ်စီး မြို့ပြင်သို့ ရောက်ဖို့အတွက် အချိန် တစ်နာရီကျော် ကြာမြင့်တယ် လို့ လာရောက်လည်ပတ်သူတွေက ပြောပါတယ်။
The Voice Weekly

0 comments:

Post a Comment