Tuesday, February 3, 2015

တရုတ်(တိုင်ပေ) တွင် ကြက်၊ ဘဲ ကောင်ရေ နှစ်သန်းကျော် ကို သုတ်သင်ရှင်းလင်း

တိုင်ပေ ၊ ၄-၂-၂၀၁၅
တရုတ်(တိုင်ပေ) တွင် ဆယ်စုနှစ် တစ်ခုကြာ ဖြစ်ပွားခဲ့သည့် ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ မှုမှာ ဆက်လက် မြင့်တက် နေသောကြောင့် ကြက်၊ ဘဲနှင့် ဘဲငန်း အကောင်ရေ ၂ ဒသမ ၁၄ သန်းကျော်ကို သုတ်သင် ရှင်းလင်း ခဲ့ကြောင်း တရုတ်(တိုင်ပေ) လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြား ခဲ့သည်။

ထို့ပြင် ခရိုင်နှင့်မြို့ ၁၄ ခုရှိ ကြက် မွေးမြူရေးခြံ ၆၅၅၃ ခြံကိုလည်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်ခံ ရလျက် ရှိကြောင်း အတည်ပြု ခဲ့သည်။

တရုတ်(တိုင်ပေ) ရှိ ခရိုင်နှင့် မြို့များ အားလုံးတွင်လည်း ဖေဖော်ဝါရီ ၆ ရက်တွင် စတင်မည့် နှစ်သစ်ကူး ပွဲတော်ကာလ အတွက် ကူးစက်ရောဂါ ကာကွယ်ရေး အစီအစဉ် များကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကူးစက်ရောဂါ ကာကွယ်ရေး အစိတ်အပိုင်း တစ်ရပ် အနေဖြင့် ကျန်းဟွား၊ ယွန်းလင်၊ ကျရီ၊ ထိုင်နန် နှင့် ဖင်တောင်း ကဲ့သို့ သော ရောဂါကူးစက် ခံရသည့် ဒေသများတွင် ကြက်များစွာကို သုတ်သင် ရှင်းလင်းခဲ့ပြီး ကြက်ခြံများကို ပိုးသတ်ဆေး ဖျန်းမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment