Sunday, February 8, 2015

ဆီးရီးယားနိုင်ငံအတွင်းသို့ သွားရောက်ရန် စီစဉ်လျက် ရှိသည့် သတင်းထောက်တစ်ဦး ၏ နိုင်ငံကူးလက်မှတ် ကို ဂျပန်အစိုးရ သိမ်းဆည်း

တိုကျို ၊ ၉-၂-၂၀၁၅
ဆီးရီးယားနိုင်ငံ အတွင်းသို့ သွားရောက်ရန် စီစဉ်လျက် ရှိသည့် သတင်းထောက် တစ်ဦး၏ နိုင်ငံကူး လက်မှတ်ကို ဂျပန်အစိုးရက သိမ်းဆည်း ခဲ့ကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

ယူအိချိဆူဂိုမိုတို အမည်ရှိ သတင်းထောက် သည် ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်သွေးကြွ များက ဂျပန် နိုင်ငံသား ဓားစာခံ နှစ်ဦးကို ကွပ်မျက်ခဲ့ပြီး နောက်ပိုင်း ယင်းနိုင်ငံ အတွင်းသို့ သွားရောက်ရန် စီစဉ် ခဲ့ခြင်းဖြစ်ရာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တာဝန်ရှိ သူများက ဖေဖော်ဝါရီ ၇ ရက်တွင် ၄င်းထံသို့ လာရောက်၍ ၄င်း၏ နိုင်ငံကူး လက်မှတ်ကို သိမ်းဆည်း ခဲ့ခြင်း ဖြစ်ကြောင်း အဆာဟိ ရှင်ဘွန်း သတင်းဌာန နှင့် အခြား မီဒီယာ များက ဖော်ပြခဲ့သည်။

ဆူဂိုမိုတို ၏ နိုင်ငံကူး လက်မှတ်ကို သိမ်းဆည်း ရခြင်းမှာ ဂျပန် နိုင်ငံသားများ ဆီးရီးယား နိုင်ငံအတွင်း အသက် ဆုံးရှုံးမှု ထပ်မံ ဖြစ်ပွားမှု မရှိစေရန် ကြိုတင် ကာကွယ် ရခြင်းသာ ဖြစ်ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။ အသက် ၅၈ နှစ်ရှိ ဆူဂိုမိုတို သည် ယခင် ကလည်း အီရတ်နှင့် ဆီးရီးယား နိုင်ငံ အတွင်း ရှိ စစ်ပွဲများ ဖြစ်ပွားရာ နေရာများသို့ သွားရောက်၍ သတင်းရယူ ခဲ့သော်လည်း ယခုအခါ ဆီးရီး ယား နိုင်ငံအတွင်း သို့ သွားရောက် ရာတွင် စစ်သွေးကြွများ ထိန်းချုပ်ထားရာ နယ်မြေများ အတွင်းသို့ သွားရောက်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်ဟု ကျိုတို သတင်းဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။
#PyiChitThar

0 comments:

Post a Comment