Tuesday, February 3, 2015

ဟုတ်ကဲ့...... ကျမက မိုက်တွင်းသိပ်နက်သူပေါ့


ဟုတ်ကဲ့
ကျမက မိုက်တွင်းသိပ်နက်သူပေါ့။
လူထုအားကိုးနဲ့ မိုက်နေတဲ့
မုဆိုးမလေ။
ကျမမှာ
ရှင်တို့လို
အားကိုးစရာ ဖွဲ့စည်းပုံမရှိဘူး။
လက်ရုံးတပ်မတော်ကြီးမရှိဘူး။
လိုအပ်ရင်
သေနပ်နဲ့ချိန်ပြီး
ခြိမ်းခြောက်ပေးမဲ့
စစ်သားတွေ မရှိဘူး။
လိုလို မလိုလို
ခြေသံပြင်းပြင်းနဲ့
ချီတက်ခုခံပေးမဲ့
အင်အားကြီးတပ်မတော်ကြီးမရှိဘူး။
လိုလို မလိုလို
တင့်ကားကြီးနဲ့
စိန်ပြောင်းကြီးနဲ့ ခွင်းပြီး
လက်တွဲခေါ်မဲ့
စစ်ခရာသံတွေ မရှိဘူး။
ကျမမှာ
ရှင်တို့လို သေချာတဲ့
တမတ်သားမရှိဘူး။
တင်ကြိုအပိုင်စီးထားတဲ့
လွှတ်တော်ကြီး မရှိဘူး။
ငွေနဲ့ပေါက်ဝယ်ထားတဲ့
လွှတ်တော်အမတ်မရှိဘူး။
ရံပုံငွေထောက်
ဗုံမြောက်ထားတဲ့
အရံပါတီမရှိဘူး။
ကျွန်ဇာတ်သွင်းထားတဲ့
ဝန်ထမ်းတွေမရှိဘူး။
နောက်ကနေ ကြိုးဆွဲပေးမဲ့
လက်မဲကြီးတွေ မရှိဘူး။
လူမှုရေးအသင်းကနေ
့အရေခွံချွတ်ခံလိုက်ရတဲ့
စုပြီးဆောင်းပြီး
အင်အားကြီးပါတီကြီးလဲ မရှိဘူး။
အထက်အမိန့်ဆို
ဟုတ်ဟုတ် မဟုတ်ဟုတ်
မျက်စိပိတ် နားပိတ်
ခေါင်းညိတ်နာခံမယ့်
ပေါက်သင်တစ်ပိုင်း လူတစ်ပိုင်း
ဝန်ထမ်းတွေမရှိဘူး။
ဗောင်းတော်ညိတ်စိတ်တော်သိတဲ့
ကျွန်အရာရှိကြီးတွေ မရှိဘူး။
သခင်ကြီးတွေ လိုအပ်ရင်
ဘဏ်တိုက်ကြီးပါ
မှောက်ပေးမဲ့
ခရိုနီသူဋ္ဌေးကြီးတွေ မရှိဘူး။
ဒီလောက်တစ်ကောင်ကြွက်ဆန်တဲ့
ခိုကိုးရာ မဲ့တဲ့
အကာကွယ်မဲ့တဲ့
ကျမလိုလူမျိုးက
ပြည်သူကို အားကိုးတာ
ဆန်းသလားရှင်တို့ရယ်။
ပြည်သူမှ ကျမအားမကိုး
ကျမက ဘယ်သူ့ကို အားကိုးရမလဲ။
တမလွန်က အဖေကလဲ
ရှင်တို့လို မချမ်းသာဘူး
ရှင်ကြီးတို့ရဲ့။
ဒီတော့
ကျမ ပြည်သူကိုပဲ
အချုပ်အခြယ်ကင်းကင်းနဲ့
အားကိုးပါရစေ
ရှင်ကြီးတို့ရယ်။
လူလေး......
FB Lulay Kyunhla

0 comments:

Post a Comment