Sunday, February 1, 2015

ကျောင်းသားတွေထဲ ထောက်လှမ်းရေး လိုက်ပါလာ

မန္တလေး ကနေ ရန်ကုန် ချီတက်နေတဲ့ သပိတ်မှောက် စ⁠စ်ကြောင်းထဲမှာ၊ စစ်ဖက်ရေးရာ လုံခြုံရေးလို့ ခေါ် တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ၃ယောက် ကျောင်းသား အယောင်ဆောင် လိုက်ပါ လာတယ် ဆိုပြီး သပိတ်စ⁠စ်ကြောင်းကို ဦးဆောင် နေတဲ့ ဗကသ တာဝန်ခံ တစ်ဦးက ဘီ⁠ဘီစီကို ပြောပါတယ်။

အဲဒီ့ ၃ ယောက် စလုံးကို ရဲစခန်း ကို ကျောင်းသားတွေ က အပ်နှံခဲ့တယ် လို့လည်း သိရပါတယ်။
မနေ့က လုပ်ခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပထမရက်က ထွက်ပေါ်လာတဲ့ ရလာဒ် တွေ အပေါ် မူတည်ပြီး သုံးသပ်ရရင် သပိတ် အရှိန် ရပ်တန့် အောင် အစိုးရ အနေနဲ့ ဟန်ပြ လုပ်ဆောင် နေတယ်လို့ မြင်ကြောင်း ဗကသ ဗဟို လုပ်ငန်း ကော်မတီရဲ့ သတင်း ပြန် ကြားရေး တာဝန်ခံ သီဟဝင်းတင် က ပြောပါတယ်။

အစိုးရဟာ ဆွေးနွေးပွဲကို တစ်ဘက်က လုပ်ပြီး တစ်ဘက်ကလည်း လမ်းလျှောက်ချီတက် နေတဲ့ ဒီမို ကရေစီ ပညာရေး စ⁠စ်ကြောင်းကို ဖိအားပေးနေတဲ့ အတွက် ယုံကြည်ရ ခက်နေကြောင်း ကိုသီဟဝင်းတင် ကပြောသလို၊ ဒီနေ့မှာ ရေနံချောင်း ကနေ ထွက်ခွာပြီး ချီတက်ပွဲ ပြန်လည် စတင်မယ် လို့ ဆိုပါတယ်။ 
BBC Burmese

0 comments:

Post a Comment