Tuesday, February 3, 2015

စင်ကာပူနိုင်ငံ၏ ပထမဆုံး ဆိုလာစွမ်းအင်သုံး 3D လျှပ်စစ် မော်တော်ကားကို နန်ယန်း နည်းပညာတက္ကသိုလ် က တီထွင်ထုတ်လုပ်

 NTU develops Singapore's first 3D-printed urban solar electric car


စင်ကာပူ ၊ ၄-၂-၂၀၁၅
စင်ကာပူ နိုင်ငံ၏ ပထမဆုံး 3D ကိုယ်ထည် နှင့် တည်ဆောက် ထားသည့် ဆိုလာ စွမ်းအင်သုံး မြို့ပြ လျှပ်စစ် မော်တော်ကား တစ်စီးကို နန်ယန်း နည်းပညာ တက္ကသိုလ် (NTU) မှ ကျောင်းသား များက တီထွင် ထုတ်လုပ် ခဲ့ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြား ခဲ့သည်။

NTU Venture 8(NV8) ဟု အမည် ပေးထားသော အဆိုပါ မော်တော်ကား၏ အောက်ခံ ကိုယ်ထည်ပြားကို ကာဗွန် ဖိုက်ဘာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

နန်ယန်းတက္ကသိုလ် မှ ကျောင်းသားများ သည် NV8 ကားအား တီထွင်ရာတွင် ၄င်းတို့ လေ့လာသင်ယူ ထားသည့် နောက်ဆုံးပေါ် နည်းပညာ များကို အသုံးပြု၍ တီထွင် ထုတ်လုပ် ထားခြင်း ဖြစ်သည့်အပြင် ၄င်းကား၏ ပုံသဏ္ဌာန် ကိုလည်း ဆီလီကွန် ဆိုလာဆဲလ် များဖြင့် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း ၄င်းတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ အန်ဂျီဟီအွန်ဝါ က ပြောကြား ခဲ့သည်။

မိမိတို့ အနေဖြင့် အဆိုပါ လျှပ်စစ် မော်တော်ကား အတွက် ကိုယ်ထည် တည်ဆောက် ရာတွင် 3D ကိုယ်ထည် ပုံရိပ် အများအပြား စုစည်းခဲ့ ရသည့်အပြင် ကားအတွင်းရှိ ထိုင်ခုံ များကိုလည်း ယာဉ်မောင်း သူများ သက်သောင့် သက်သာ ရှိစေရန် နှင့် ကိုယ် အလေးချိန် ထိန်းသိမ်းနိုင်ရန် အပေါ့စား ပလတ်စတစ် ထိုင်ခုံများ အသုံးပြု ထားကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

အဆိုပါ လျှပ်စစ် မော်တော်ကား သည် အကြမ်းခံ၍ တစ်နာရီလျှင် အမြင့်ဆုံး အရှိန်နှုန်း ၆ဝ ကီလိုမီတာ ထိ မောင်းနှင် နိုင်သည့်အပြင် မော်တော်ကား အင်ဂျင်မှာလည်း သုံးစွဲ သူများအဖို့ အကုန်အကျ သက် သာ စေနိုင်ကြောင်း NV8 ကား ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဘွဲ့ရကျောင်းသား အိုင်မီဘင်အဘ်ဒူလ် က ပြောကြား ခဲ့သည်။

ယခု ထုတ်လုပ် ထားသည့် NV8 မော်တော်ကားသည် ဖေဖော်ဝါရီ ၂၆ မှ မတ် ၁ ရက် ထိကျင်းပမည့် Shee Eco-marathon Asia ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment