Tuesday, January 13, 2015

Charlie Hebdo မဂ္ဂဇင်းတိုက် အကြမ်းဖက်ခံရမှုနောက်ပိုင်း ပြင်သစ် ရဲမင်းကြီး တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

 ပြင်သစ်တွင် ဖြစ်ပွားခဲ့သော Charlie Hebdo မဂ္ဂဇင်းတိုက် အကြမ်းဖက်တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေး ရန် ညွှန်ကြားခံရပြီးနောက်ပိုင်း  ရဲမင်းကြီး တစ်ဦး ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြသည်။

စိတ်ကျဝေဒနာ ခံစားနေရသည်ဟု သတင်းထွက်ပေါ်နေသော အသက် ၄၅ နှစ်ရှိ ရဲမင်းကြီး ဟဲရစ်ဖရက်ဒေါ သည် အကြမ်းဖက်မှု ဖြစ်ပွားသည့် ဇန်နဝါရီ ၇ ရက် ညပိုင်းက နိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်သော လီမိုဂီဆာ ရှိ ၎င်း၏ ရုံးခန်းတွင် ကိုယ်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပြင် သစ် သတင်းဌာနတစ်ခုက ဖော်ပြသည်။

ဖရက်ဒေါသည် ကိုယ့်ကိုယ်ကိုယ် သတ်မသေမီက မဂ္ဂဇင်း တိုက်ခိုက်ခံရမှုမှ သေဆုံးသူတစ်ဦး၏ မိသား စုနှင့် တွေ့ဆုံမေးမြန်းသွားခဲ့ကြောင်း သိရသည်။

၎င်းသည် ၁၉၉၇ ခုနှစ်က နိုင်ငံတွင် ရဲအရာတစ်ဦးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ဒေသရဲဌာနမှ ဒုတိယ အကြီးအကဲ ဖြစ်ခဲ့ဖူးသည်ဟု ဒေးလီးမေးလ် သတင်းစာတွင် ဖော်ပြ သည်။
ပါရီ
Mizzima - News in Burmese

0 comments:

Post a Comment