Monday, January 12, 2015

Charlie Hebdo ဂျာနယ်မှ ကာတွန်းများကို ထပ်မံဖော်ပြခဲ့သည့် Le Soir နေ့စဉ်သတင်းစာမှ ၀န်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရ

Policemen create a security cordon during a bomb alert at the headquarters of Belgian newspaper Le Soir on Sunday in Brussels. Threats were made in an anonymous phone call after which the building was evacuated.
ဘရပ်ဆဲလ် ၊ ၁၃-၁-၂၀၁၅
ပြင်သစ်နိုင်ငံရှိ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရသည့် Charlie Hebdo ဂျာနယ်မှ ကာတွန်းများကို ထပ်မံဖော်ပြ ခဲ့သည့် ပြင်သစ် ဘာသာဖြင့် ထုတ်ဝေသော Le Soir နေ့စဉ် သတင်းစာတိုက် မှာ တိုက်ခိုက်ခြင်း ခံရမည် ဟူသော ခြိမ်းခြောက်မှု ခံရပြီး နောက်ပိုင်းတွင် တာဝန်ရှိ သူများက အဆိုပါ သတင်းစာတိုက်ရှိ ဝန်ထမ်းများ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။

အဆိုပါ နေ့စဉ် သတင်းစာတိုက် ကို အကြမ်းဖက် တိုက်ခိုက်ရန် အတွက်ဗုံးထောင် ခဲ့ကြောင်း ဖုန်းဖြင့် ခြိမ်းခြောက် ခဲ့သော အမည်မသိ သူတစ်ဦးက ပြောကြား ခဲ့ပြီးနောက် Le Soir နေ့စဉ် သတင်းစာတိုက်မှ ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ခြိမ်းခြောက်မှု သည် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် Charlie Hebdo ဂျာနယ်တိုက်တွင် တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပြီး Le Soir သတင်းစာသည် ရုပ်ပြောင် ကာတွန်းများကို ပြန်လည် ဖော်ပြသည့် သတင်းစာ တစ်စောင် ဖြစ်သည်။

အလားတူ ဂျာမနီနိုင်ငံ ရှိ Hamburger Morgenpost သတင်းစာတိုက် သည်လည်း Charlie Hebdo ဂျာနယ်တိုက်မှ ကာတွန်းများကို ပြန်လည် ဖော်ပြ ခဲ့မှုကြောင့် မီးလောင်ဗုံး အပါအဝင် အခြား အကြမ်းဖက် တိုက်ခိုက်မှု များကို ခံခဲ့ရကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment