Monday, January 12, 2015

တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု စီရော်နယ်ဒို နှစ်နှစ်ဆက်တိုက် ဆွတ်ခူး

Ronaldo, Kessler, Low and Kellermann triumph at FIFA Ballon d’Or 2014


ဇူးရစ် ၊ ၁၃-၁-၂၀၁၅
ယမန်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု Fifa Ballon D'OR 2014 ရွှေဘောလုံး ဆုပေးပွဲကို ကျင်းပခဲ့ရာ စီရော်နယ်ဒို က နှစ်နှစ်ဆက်တိုက် ဆွတ်ခူး ရရှိသွားကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ရွှေဘောလုံး ဆုရှင်အတွက် သုံးနှစ်ဆက်တိုက် ရွှေဘောလုံး ဆုရှင် မက်ဆီ ၊ ၂၀၁၃ ခုနှစ် ရွှေဘောလုံး ဆုရှင် စီရော်နယ်ဒို နှင့် နျူအာ တို့က ဆန်ခါတင် ရွေးချယ်ခံ ရပြီး နိုင်ငံတကာ နည်းပြများ ၊ အသင်း ခေါင်းဆောင်များ နှင့် ကမ္ဘာတစ်ဝန်းမှ သတင်းစာ ဆရာများ စုပေါင်းမဲပေး ခဲ့သည်နှင့် အညီ ဘာစီ လိုနာ အသင်း ကစားသမား မက်ဆီ နှင့် ဘိုင်ယန်းမြူးနစ် ဂိုးသမား နျူအာ တို့ကို ကျော်ဖြတ်ကာ ရီးရဲလ် မက်ဒရစ် အသင်းမှ စီရော်နယ်ဒို က ရွှေဘောလုံးဆု ကို ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ပြင်သစ် နိုင်ငံ၏ ရွှေဘောလုံးဆု နှင့် ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကို ပေါင်းစပ် လိုက်ပြီး နှစ်စဉ် ရွှေဘောလုံးဆု ကို တစ်နှစ်တာ အကောင်းဆုံး ကစားသမားကို ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ပထမဦးဆုံး အဖြစ် ၂ဝ၁ဝ ပြည့်နှစ်တွင် လီယွန်နယ် မက်ဆီ က ရွှေဘောလုံးဆု ကို ဆွတ်ခူး ရရှိခဲ့သည်။ သို့သော် လီယွန်နယ် မက်ဆီသည် ၂ဝ၁၁ နှင့် ၂ဝ၁၂ နှစ်တို့အတွက် လည်း ရွှေဘောလုံးဆုကို ဆက်တိုက် ဆွတ်ခူးရရှိခဲ့ကာ ၂ဝ၁၃ ဆုကိုသာ စီရော်နယ်ဒိုက  ဆွတ်ခူး ရရှိခဲ့သည်။

တစ်ချိန်တည်းတွင် ဂျာမနီကွင်းလယ် ကစားသမား နာဒင်းကက်စလာ က တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ရရှိခဲ့ပြီး ကိုလံဘီယာ ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်က အကောင်းဆုံး ဂိုးသွင်း ဆု တို့ကို အသီးသီး ရရှိခဲ့ပြီး ဂျာမနီ အသင်းနည်းပြ ဂျိုအာချင်လို က အမျိုးသား ဘောလုံးအသင်း အကောင်း ဆုံး နည်းပြဆုကို ဆွတ်ခူး ရရှိခဲ့သည်။ ဝုဖ်ဘတ် အသင်းပိုင်ရှင် ရက်လ်ဖ်ကယ်လာမန်း ကိုမူ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး နည်းပြဆုကို ချီးမြှင့်ခဲ့သည်။

၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားအဖြစ် နူအာ(ဘိုင်ယန်မြူးနစ်)၊ ခံစစ် ကစားသမားများ အဖြစ် ဒေးဗစ်လုစ် (ပီအက်စ်ဂျီ)၊ သီယာဂို ဆေးလ်ဗား (ပီအက်စ်ဂျီ)၊ ဆာဂျီယို ရာမို့စ်(ရီးရဲလ်မက်ဒရစ်) နှင့် ဖီးလစ်လမ်း (ဘိုင်ယန်မြူးနစ်)၊ ကွင်းလယ် ကစားသမားများ အဖြစ် ဒီမာရီယာ(မန်ယူ)၊ တိုနီခရူးစ် (ရီးရဲလ် မက်ဒရစ်) နှင့် အင်နီယေစတာ (ဘာစီလိုနာ)၊ တိုက်စစ် ကစားသမား များအဖြစ် မက်ဆီ( ဘာစီလိုနာ)၊ စီရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်) နှင့် ရော်ဘင်(ဘိုင်ယန်မြူးနစ်) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment