Saturday, January 10, 2015

ဆန်ကိစ္စ စွပ်စွဲချက်အပေါ် တုံ့ပြန်နိုင်သည့်အတွက် ကျေနပ်ဟု ယင်လတ်ပြော

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယင်လတ် (ဓာတ်ပုံ – အေအက်ဖ်ပီ)
10 January 2015
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်က ဆန်ကိစ္စနဲ့ ပတ်သက်ပြီး သူရဲ့ အခန်းကဏ္ဍအပေါ် စွပ်စွဲပြစ်တင်ချက်တွေ ကာကွယ်ပြောဆိုရတာ ကျေနပ်တယ်လို့ မနေ့က ပြောပါတယ်။

စွပ်စွဲချက်တွေကို တုံ့ပြန်နိုင်တဲ့အတွက် ပျော်ရွှင်မိသလို လူထုကို အမှန်တရား ထုတ်ပြန်သွားမယ်လို့ သူက ပြောပါတယ်။

အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်(NACC)က နိုင်ငံတော် ဥပဒေပြုလွှတ်တော်မှာ ယင်လတ်အပေါ် စွပ်စွဲ ပြစ်တင်ဖို့ အတွက် ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

NACC က အကျင့်ပျက်ခြစားမှုတွေကို ရပ်တန့်အောင်လုပ်ဖို့ အတွက် ယင်းလတ်ကာ တာဝန်ဝတ္တရား ပျက်ကွက်ခဲ့သလို ဆန်ကိစ္စအပေါ် အစိုးရရဲ့ စီမံချက်ကို အောင်မြင်အောင် မလုပ်နိုင်ဘူးလို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် နိုင်ငံတော် ဆန်မူဝါဒ ကော်မတီမှာ ယင်းလတ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment