Wednesday, January 14, 2015

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင် ပင်စည်ပုပ်ရာမှ ပြန်လည်ကောင်းမွန်လာ

ပရဟိတကုန်းမြေရှိ မဟာဗောဓိညောင်ပင်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)


Wed, 2015-01-14
ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင် ကို ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် စိုက်ပျိုးထားခဲ့ရာ ပင်စည်ပုပ်ပြီးသေဆုံးမည့် အခြေ အနေဖြစ်ပေါ် ခဲ့ကြောင်း ထိန်းသိမ်းစောင့်ရှောက် မှုပေးနေသော မိုးမေတ္တာနာရေး ကူညီမှုအသင်းမှ သိရသည်။

‘‘တောင်ကုန်းပေါ်မှာ စိုက်ပျိုးပြီးတစ်လလောက်အကြာမှာ ပင်စည်အလယ်ကပုပ်ပြီး သေ တော့မလိုဖြစ်ခဲ့လို့ စိုးရိမ်ခဲ့ရ တယ်။ ဒါပေမဲ့ ထူးခြားစွာအဲဒီနေ ရာကနေ ခက်မ လေးခုဖြာပြီး အ သစ်ထွက်လာတယ်။ ဆရာဦး ကျော်သူကတောင် ပြောသေး တယ်။ ညောင်ကိုင်းလေးခုဖြာ ထွက်လာတာ ဗြဟ္မစိုရ်တရား လေး ပါးလက်ကိုင်ထားသူ၊ ပရဟိ တဆောင်ရွက်သူတွေရဲ့ ကိုယ်ပွား နိမိတ်ပဲ။ ကောင်းမွန်တဲ့ မဟာ ဗော ဓိညောင်လေးခက်ဖြာထွက် လာတာလို့ပဲဆိုခဲ့တယ်’’ဟု မိုး မေတ္တာနာရေးကူညီမှုအသင်းမှဦး ညီညီအောင်ကပြောသည်။

ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် ပရဟိ တဆောင်ရွက်သူများသစ္စာပြုနိုင် ရန် ရည်ရွယ်ပြီး နာရေးကူညီမှုအ သင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ဦးဆောင်တည်ထားသည့် မဟာ ပဏီတပရဟိ တအောင်တော်မူ စေတီတော်မြတ်ကြီးအောက် ရင်ပြင်၌ မဟာဗောဓိညောင်ပင်ကို၂၀၁၄ ကဆုန် လပြည့်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း၊ ဒေါ်အောင် ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေး အပ်ခဲ့ သည့် မဟာဗောဓိညောင်ပင်ကို ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ရာ ပခုက္ကူဆရာတော်ကြီးက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအားပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးစဉ်က အပင်ရှင်သန် အမြစ်တွယ်မှုကောင်းမွန်စေရန်  ရည်ရွယ်ပြီး မြေကျင်းတူးခဲ့ရာမြေတွင် အနည်း ငယ်နက်သွားခဲ့သ ဖြင့် ပင်စည်အလယ်ပိုင်းမှာမြေ သား၊ ရေတို့နှင့် ထိတွေ့ကာဆွေးမြည့် ပုပ်သွား ခဲ့ကြောင်း၊ သို့ရာတွင် ယင်းနေရာမှာ ခက်မလေးခု ဖြာထွက်လာပြီး ယခုအခါရှင်သန် ကြီးထွားကောင်း မွန်လျက်ရှိကြောင်း၊ ညောင်ပင်စည်ခတ်မ များကို ညောင်ထောက်များဖြင့် ထောက်ကူထားကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ခဲ့ပါက ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မဟာဗောဓိညောင်ပင် စိုက်ပျိုး ထားရာ ပရဟိတတောင်ကုန်းသို့ လာရောက်ရန် ဖိတ်ကြားထား ကြောင်းလည်း မဟာဗောဓိ ညောင် ပင် ထိန်းသိမ်းစောင့်ရှောက်နေသူများထံမှ သိရသည်။

‘‘မဟာဗောဓိညောင်ရဲ့ အ ရွက်က တခြားညောင်ရွက်တွေနဲ့ မတူကွဲပြားစွာတွေ့ရတယ်။ အရွက်တွေဟာ စိမ်းလန်းမှုအား ကောင်းပြီး အမြင်အာရုံကို ကြည် နူးစေတယ်။ အခုဆိုအပင်လေးခတ်မှာ နှစ်ခက်ကပိုမြင့် ပြီးအောက်ခြေကနေ ၁၅ပေကျော်  လောက်ရှိ နေပြီ’’ဟု ပြည်မြို့ဒေသခံတစ်ဦး ကပြောသည်။
ဇော်မင်းထိုက်
7Day Daily

0 comments:

Post a Comment