Monday, January 12, 2015

မူဆလင် အကြမ်းဖက်ဂိုဏ်းဝင် ၆ ဦးကို ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းနိုင်ခဲ့

ပေကျင်း ၊ ၁၃-၁-၂၀၁၅
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်းကျန်းဒေသရှိ စီးပွားရေး လုပ်ငန်းများ တည်ရှိရာ အချက်အချာ ကျသည့် နေ ရာတွင် ဖောက်ခွဲ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူ မူဆလင် အကြမ်းဖက် ဂိုဏ်းဝင် ၆ ဦးကို တရုတ် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပစ်ခတ်နှိမ်နင်း ခဲ့သည်။

ရဲတပ်ဖွဲ့သည် သံသယ ဖြစ်ဖွယ် လူတစ်ဦးက ဖောက်ခွဲရေး ပစ္စည်းကို သယ်ဆောင် လာသည်ဟူသော သတင်းအရ စောင့်ကြည့်၍ ဖမ်းဆီးခဲ့ရာမှ အကြမ်းဖက် ဂိုဏ်းဝင်များကို ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဖမ်းဆီးရာတွင် ပုဆိန် ကိုင်ဆောင်ထားသည့် လူတစ်ဦးက ရဲတပ်ဖွဲ့ဝင် များကို တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ခြင်းကြောင့် ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ ရကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် နောက်ပိုင်းတွင် အကြမ်းဖက် သမားများ သယ်ဆောင် လာသည့် ဖောက်ခွဲရေး ပစ္စည်းကို စနက်တံဖြုတ်ရန် ကြိုးပမ်းနေစဉ် အခြား လူငါးဦးက အဆိုပါ ဖောက်ခွဲရေး ပစ္စည်းကို ဖောက်ခွဲ တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ၄င်းတို့ကို ပစ်ခတ်ခဲ့ရပြီး ယင်း တိုက်ခိုက်မှုတွင် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း အာဏာပိုင် များက ပြောကြားထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ရှင်းကျန်းဒေသ ရှိ မူဆလင် ခွဲထွက်ရေး အကြမ်းဖက် သမားများ၏ လုပ်ဆောင်ချက် ဟု တရုတ် အစိုးရက ပြောကြားခဲ့ပြီး ယင်း ခွဲထွက်ရေး သမားများသည် နိုင်ငံအနှံ့အပြား တွင် အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်လျက် ရှိကြောင်း အစိုးရက ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment