Tuesday, January 13, 2015

အကြမ်းဖက်တိုက်ခိုက်သူ ၆ ဦးကို တရုတ်ရဲ ပစ်သတ်

13 January 2015
တရုတ်နိုင်ငံအနောက်ပိုင်းက မွတ်စလင်အများစုနေထိုင်တဲ့ ရှင်းကျန်းပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက် သူ ၆ ဦးကို ရဲလုံခြုံရေးတွေက နေရာတင် အသေပစ်သတ်လိုက်ပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ ၀တ်ဆင်ပြီး အကြမ်းဖက်တိုက်ခိုက်မယ်လို့ သံသယဖြစ်ဖွယ်တဦးကို မြို့ခံတွေက သတိထားမိခဲ့ပြီး ဇန်န၀ါရီလ ၁၂ ရက်နေ့ မနက်မှာ ရဲကို တိုင်ကြားခဲ့တာလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။

အဆိုပါပုဂ္ဂိုလ်ဟာ ရဲကို ပုဆိန်နဲ့ တိုက်ခိုက်ခဲ့သလို အသေခံဖောက်ခွဲဖို့လည်း ကြိုးစားခဲ့တာကြာင့် ရဲက ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအခင်းဖြစ်စဉ်ကို ရှင်းလင်းနေစဉ်မှာပဲ နောက်ထပ် ၅ ဦးရောက်ရှိလာပြီး အသေခံ ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့အတွက် ရဲတွေက ထပ်မံပစ်သတ်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူ ၆ ဦး သေဆုံးမှုကလွဲလို့ တခြားသူတွေကို ထိခိုက်မှုမရှိခဲ့ဘူး လို့လည်း ဆိုပါတယ်။ အခင်းဖြစ်ရာနေရာအနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မီနီဘတ်စ်ကား တစီးကိုလည်း ရဲတွေက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment