Friday, December 5, 2014

အမြဲတမ်း နေထိုင်ခွင့် PR အတွက် လျှောက်လွှာတင်နိုင်တော့မယ်။

မြန်မာနိုင်ငံထဲမှာ အမြဲတမ်း နေထိုင်ခွင့် PR လျှောက်ထားလိုသူတွေဟာ ဒီဇင်ဘာလ ၂၉ရက်နေ့ကစ လို့ မြန်မာနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ဌာနမှာ စတင် လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

အမြဲတမ်း နေထိုင်ခွင့် PR ကို ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေး လုပ်ကိုင်ပြီး ရင်းနှီး မြှုပ်နှံလိုသူတွေ အပြင် မြန်မာနိုင်ငံသားတွေနဲ့ တရားဝင် လက်ထပ်ထားတဲ့ တခြားနိုင်ငံသား ဇနီး၊ ခင်ပွန်း၊ သားသမီးတွေ လျှောက်ထားခွင့် ရှိမှာ ဖြစ်ပါတယ်။

တခြား နိုင်ငံသား ခံယူထားတဲ့ သူတွေအနေနဲ့ အမြဲတမ်း နေထိုင်ခွင့် PR ရပြီဆိုရင် အဲဒီ နိုင်ငံသားအဖြစ် ကနေ စွန့်လွှတ်စရာ မလိုပဲ မြန်မာနိုင်ငံထဲမှာ အချိန်ကြာ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

တကြိမ်ကို နေခွင့် ငါးနှစ် ပေးပြီးတဲ့ နောက်ပိုင်းမှာ နောက်ထပ် ဆက်လက် နေလိုရင် နှစ်စဉ် စိစစ်မှုအ ရ ပြဿနာ ကင်းရှင်းခဲ့ရင် နောက်ထပ် ငါးနှစ် သက်တမ်း လျှောက်ထားနိုင်မှာပါ။

ဒါပေမယ့်လည်း နိုင်ငံရေးနဲ့ အချုပ်အခြာ အာဏာကို ထိပါးစေတဲ့ ကိစ္စတွေမှာ ပါဝင် ပတ်သက်ခဲ့မယ် ဆိုရင်တော့ PR ကို ပြန်ရုတ်သိမ်းမယ်လို့ သိရပါတယ်။

အမြဲတမ်း နေထိုင်ခွင့် PR လျှောက်မယ့်သူတွေဟာ ပြန်ထုတ်ယူလို့ မရတဲ့ လျှောက်ထားခငွေ အဖြစ် အမေရိကန်ဒေါ်လာ (၅၀ဝ) ကို အရင်ဆုံး ပေးဆောင်ရမှာ ဖြစ်ပြီး PR ရပြီ ဆိုရင် တနှစ်ကို မြန်မာနိုင်ငံ သားဟောင်း တစ်ဦးအနေနဲ့ အမေရိကန် ဒေါ်လာ (၅၀ဝ)၊ နိုင်ငံခြားသား ဖြစ်မယ် ဆိုရင်တော့ ဒေါ်လာ (၁၀ဝ၀) ပေးဆောင်ရမှာ ဖြစ်ပါတယ်။
BBC Burmese

0 comments:

Post a Comment