Monday, December 29, 2014

ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲဖြစ်၍ စစ်သွေးကြွ ၅၅ ဦးသေဆုံး

ပက်ရှဝါ၊ ဒီဇင်ဘာ ၂၈
ပါကစ္စတန်အနောက်မြောက် ဒေသတွင် အစိုးရလေကြောင်းတိုက် ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကြောင့် စစ်သွေးကြွ ၅၅ ဦးထက် မနည်းသေ ဆုံးသွားခဲ့ကြောင်း၊ ယခုနှစ်တွင် အ ဆိုပါဒေသသို့ အစိုးရက ထိုးစစ်ကြီး များ ဆင်နွှဲလျက်ရှိကြောင်း၊ သက် ဆိုင်ရာမှ ပြောကြားခဲ့ကြောင်း AFP သတင်းကရေးသားခဲ့သည်။

ယခုလအတွင်း ပက်ရှဝါ၌ စာ သင်ကျောင်းရှိ ကလေး ၁၅၀ ကို သူ ပုန်တို့ သတ်ဖြတ်ခဲ့ပြီးနောက် စစ် တပ်က ဤဒေသကို စစ်ဆင်ရေးအ ကြီးအကျယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်က အသေးစား ၉/၁၁ အဖြစ်ကြေညာကာ အစွန်းရောက် များကို တိုက်ခိုက်သွားမည်ဟု ဆိုသည်။

စစ်တပ်က အော်ရက်ဇိုင်းနှင့် ခိုင်ဘာလူမျိုးစုဒေသများရှိ စစ်သွေး ကြွများကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထိုနေရာ၌ သူပုန်တို့က အစည်းအ ဝေးပြုလုပ်လျက်ရှိကြောင်း စစ်တပ် က ပြောခဲ့သည်။

ထိုတိုက်ပွဲ၌ စစ်သွေးကြွအကြမ်း ဖက် ၁၆ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ထွက် ပြေး သွားသောအကြမ်းဖက်များ သည် လူသေအလောင်းကိုးခုကို ချန်ထားခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန် စွာရရှိနေသည့် သူပုန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်ကြေ ညာချက်၌ ဖော်ပြခဲ့သည်။

အနောက်မြောက်ဒေသသို့ လေကြောင်းတိုက်ခိုက်မှုတွင် စစ် သွေးကြွ ၃၉ ဦးသေဆုံးခဲ့ရာ ခေါင်း ဆောင်နှစ် ဦး ပါဝင်ခဲ့ကြောင်း၊ ၎င်း တို့၏ လက်နက်သိုလှောင်ရုံကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်တပ်က ပြောကြား ခဲ့သည်။

ဤနယ်မြေသို့ မီဒီယာသမားများ ဝင်ရောက်ခွင့် ပိတ်ပင်ထား၍ အသေအပျောက် စာရင်းကို အတည်ပြုရန် ခဲယဉ်း ကြောင်း သိရသည်။

ဤအတွင်းအရေးပါသော တာ လီဘန်တပ်မှူးတစ်ဦးကို ရဲက ဖမ်း ဆီးခဲ့ကြောင်း၊ ၎င်းမှာ ရဲနှင့် သတင်း ထောက်ကို သတ်ဖြတ်မှု၌တာဝန်ရှိ သူဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်စစ်တပ်က လူမျိုး စုဒေသများသို့ ထိုးစစ်ဆင်ခဲ့ရာစစ် သွေးကြွ ၁၇၀၀ သေဆုံးခဲ့ပြီးအစိုးရ တပ်သား ၁၂၆ ဦးသေဆုံး ခဲ့သည်။
‪#‎Democracytoday‬
Ref : AFP

0 comments:

Post a Comment