Thursday, December 18, 2014

ခရစ္စတီယာရော်နယ်ဒို အတွင်းခံ ဘောင်းဘီတို ရည်းစားက ခိုးယူ



18 December 2014
ရည်းစားဖြစ်သူ အီရီနာရှိုက်က သူရဲ့ စီအာ ၇ ယောက်ျားဝတ် အတွင်းခံ ဘောင်းဘီတိုကို ခိုးယူတာ ရှုးရှုးမူး မူး စွဲလန်းနေတယ်လို့ စပိန် ရီးရဲမက်ဒရစ် ကလပ်အသင်းက ကစားသမား ခရစ္စတီယာရော်နယ်ဒို က ပြောပါတယ်။

ရည်းစားက ဗီရိုထဲက ဘာတွေကို ခိုးယူသလဲဆိုတဲ့ မေးခွန်းကို သူကအခုလို ဖြေကြားလိုက် တာ ဖြစ်ပါတယ်။

The FIFA Ballon d'Or trophy sits on show“သူက ကျနော်ရဲ့ ယောက်ျားဝတ် အတွင်းခံတွေကို အမြဲခိုးယူလေ့ရှိပါတယ်၊ သူအိမ်မှာ မရှိတဲ့ အချိန် သူ့ဗီရိုကို ဖွင့်လိုက်ရင် ကျနော်ရဲ့ စီအာ ၇ အတွင်း ခံ ဘောင်းဘီတိုတွေ အများကြီးပါ။ ဒါက ရယ်စရာကောင်းပါတယ်” လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာမှာ ဒီဘောင်းဘီတိုကြော်ငြာအတွက် ရော်နယ်လ်ဒိုက မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက ရော်နယ်ဒိုနဲ့ အီရီနာရှိုက်တို့ တွဲခုတ်နေတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment