Friday, December 12, 2014

စီအိုင်အေ က ရက်စက်စွာ ပြုမူခဲ့ခြင်းကြောင့် တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ထိုင်းနိုင်ငံရှိ သံရုံး၌ လုံခြုံရေးတိုးမြှင့်

ဘန်ကောက် ၊ ၁၂-၁၂-၂၀၁၄
အကြမ်းဖက် သမားများကို အမေရိကန် စီအိုင်အေအဖွဲ့ က ရက်စက်စွာ ပြုမူခဲ့ခြင်းအပေါ် တုံ့ပြန် တိုက်ခိုက် မှုများ ဖြစ်ပေါ် လာနိုင်သည့် အတွက် ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်ရှိ အမေရိကန် သံရုံးတွင် လုံခြုံရေး တိုးမြှင့် ချထားခဲ့ကြောင်း ယင်းနိုင်ငံမှ လက်ထောက် ရဲမင်းကြီး ဂျက်သစ်ပ်ယွမ်ဂျင်ဒါက ယမန်နေ့ တွင် ပြောကြားခဲ့သည်။

စီအိုင်အေ အဖွဲ့၏ လုပ်ဆောင်မှု များကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းနိုင်ငံ အတွင်းရှိ အမေရိကန် သံရုံး အပေါ် အဓိကထား၍ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင် သည်ဟု အမေရိကန် အစိုးရက သတိပေးခဲ့ ပြီး နောက်ပိုင်း ထိုင်းအစိုးရက လုံခြုံရေးကို တင်းကျပ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်း မှာပင် ထိုင်းနိုင်ငံ အတွင်း၌ အကြမ်းဖက် သမားများဟု ယူဆရသူများကို ထိန်းသိမ်း ထားသည့် စီအိုင်အေ အဖွဲ့၏ အကျဉ်းစခန်း များကို ဖွင့်လှစ်ထားခြင်း မရှိကြောင်း ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ် သူ ဆူရာဖန် တန်ယူဗာ ဒါနာ က ပြောကြား ခဲ့သည်။

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီအဖွဲ့ (စီအိုင်အေ) ၏ အကျဉ်းသားများ အပေါ် ရက်စက် ကြမ်းကြုတ်စွာ လုပ်ဆောင်ခဲ့သည့် အပြုအမူ များကြောင့် နိုင်ငံတကာ က ပြစ်တင်ဝေဖန် ထားပြီး ကုလ သမဂ္ဂ နှင့် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်း များက အဆိုပါ လုပ်ဆောင်မှု များတွင် ပါဝင်ခဲ့ သူများ ကို ပြစ်ဒဏ် ချမှတ်ရန် အမေရိကန် အစိုးရကို တောင်းဆို ထားသည်။

အလားတူ စီအိုင်အေ အဖွဲ့၏ အကျဉ်းသားများ အပေါ် စုံစမ်း စစ်ဆေးသည့် နည်းလမ်းများ အနက် အချို့မှာ မှားယွင်းလျက် ရှိသည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ပြောကြား ခဲ့သည်ဟု သိရသည်။
#PyiChitThar

0 comments:

Post a Comment