Friday, December 5, 2014

လေအိတ်ပြသနာကြောင့် တိုယိုတာကုမ္ပဏီက ကားအစီးရေ ၁၉၀၀၀၀ ကျော် အား ပြန်လည်ရုပ်သိမ်း

တိုကျို၊ ဒီဇင်ဘာ ၎
တိုယိုတာမော်တော်ကား ကုမ္ပဏီ က ဂျပန်နှင့် တရုတ်နိုင်ငံများမှ မော် တော် ကားစီးရေ ၁၉၀၀၀ဝအား ပြန် လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အကြောင်း ရင်းမှာ တာကာတာကုမ္ပဏီ ကထုတ်လုပ်ခဲ့သည့် အရှေ့ ပိုင်းထိုင် ခုံနံဘေးမှ လေ အိတ်မှာ အဆင်မပြေ ၍ဖြစ်ကြောင်း၊ အသစ်ပြန်လည်လဲလှယ် ရမည်ဖြစ်ကြောင်း၊ ဤသို့ ပြန်ရုပ်သိမ်း ရခြင်းမှာ နောက်ဆုံးဖြစ်ပြီး ကားလုံ ခြုံရေး ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ အနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင် နေ ရကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

တာကာတာလေအိတ်များကို ပြန်လည်ရုပ်သိမ်းနေခဲ့ရာ တိုယိုတာ ၏ ၂၀၁၃ခုနှစ်မော်ဒယ် Will Cypha ကားများ၌ တပ်ဆင်ခဲ့ပြီး လွန်ခဲ့သော လက ပြန်လည်ဖြုတ်ခဲ့ ရကြောင်းဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာန က ပြောကြား ခဲ့သည်။

တိုယိုတာကုမ္ပဏီသည် ဂျပန် နိုင်ငံအတွင်း မော်ဒယ် ၁၉ မျိုးပါ ဝင်သည့်ကားပေါင်း ၁၈၅၀၀ဝကိုလည်း ပြန် လည်ရုပ်သိမ်းရမည်ဖြစ် ရာ Corolla နှင့် Alphard တို့ပါဝင် သည်။ အခြားမော်ဒယ်ကားအစီး ၅၀၀၀ ကိုလည်း တရုတ်ပြည်တွင် ပြန်လည်ရုပ်သိမ်းရမည် ဖြစ်သည်။

တိုယိုတာက ၎င်းအနေဖြင့် အဆိုပါကားများအား ကြိုတင်သတိ ပေးချက် အဖြစ် ပြန်လည်ရုပ်သိမ်း ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ပြသနာများ တစ်စုံတစ် ရာဖြစ်သည်ကိုမူ မ ကြားရသေးဟု ဆိုသည်။
#Democracytoday
Ref : Reuters

0 comments:

Post a Comment