Sunday, December 7, 2014

နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမား ၁၃၅ ဦးကို ဆော်ဒီအာဏာပိုင် ဖမ်းဆီး

ရီယတ်ဒ် ၊ ၈-၁၂-၂၀၁၄
ဆော်ဒီအာရေဗျ အာဏာပိုင် များသည် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမား ၁၃၅ ဦးကို ဖမ်းဆီးရမိ ခဲ့သည်ဟု ယမန်နေ့တွင် ကြေညာ ခဲ့ကြောင်း
အယ်လ်အာရေးဘီးယား သတင်းဌာနက ထုတ်ပြန်သည်။

ဖမ်းဆီးခံ ရသူများအနက် ၁၆ ဦးမှာ ဆီးရီးယား နိုင်ငံသားများ ဖြစ်ပြီး အများစုမှာ ဆော်ဒီနိုင်ငံ မှ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် မန်ဆူအာအယ်လ် တာကီ က ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြား ခဲ့သည်။ ယခု ဖမ်းဆီးထားသည့် အကြမ်းဖက် သမားများတွင် အချို့မှာ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် သင်တန်းများ ကို တက်ရောက် ထားပြီး သူများ ဖြစ်ပြီး အခြားသူများမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည့် ဒေသများ အတွင်းရှိ စစ်သွေးကြွ များနှင့် ပူးပေါင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

နိုင်ငံအတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်ရန် ကြံစည်ခဲ့ သူများသည် ရှီယိုက် မျိုးနွယ်စု ဝင်များ အများဆုံးပါဝင်ပြီး အယ်လ်အာဝါမီယာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အဓိကထား တိုက်ခိုက်ရန် ကြံစည် ခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံသည် လွန်ခဲ့သည့်နှစ်များ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ကို ကြုံတွေ့ခဲ့ရပြီး အနာဂတ် ကာလတွင် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် လုံခြုံရေးကို တင်းကျပ်စွာ ချထားကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment