Monday, December 29, 2014

သာကေတမြို့နယ် ရာဟု ဆေးကုခန်းပိုင်ရှင် ဒေါက်တာဦးကြည်ဝင်း အသတ်ခံရ

29 December 2014
ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့ နယ် ၂ မြောက်ရပ်ကွက် ဇင်္ဂမလမ်းမကြီး အမှတ် ၇၄ တွင် ဖွင့်လှစ်ထားရှိသော ရာဟု ဆေးကုခန်းပိုင်ရှင် ဒေါက်တာဦးကြည်ဝင်း အသက်(၅၇ နှစ်) သည် ယနေ့နံနက်
၁၀ နာရီခန့် အချိန်က ယာဖက်မျက်လုံးဖူးယောင် ပေါက်ပြဲ၍ ဦးခေါင်း တစ်ခုလုံး ကြေမွကာ ကိုယ်လုံး
တည်း ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဆွေမှပြောကြားသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်အား သာကေတမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းက ပ/ ၆၄၀ /၁၄ ဖြင့်အမှုဖွင့်
အရေးယူဆောင်ရွက်ကာ တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် အပူတပြင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဦးမှန်ကြီး (သာကေတ)
The Union Daily

0 comments:

Post a Comment