Saturday, December 6, 2014

မိသားစုကိုပဲ သတ်ပြီး အားလုံးယူသွားပါတော့လို့ ငိုယိုတောင်းပန်နေတဲ့ ယနေ့လယ်သမားဘဝ

 သူတို့သားအမိကိုကြည့် ကျမဝမ်းနည်းလိုက်တာ။ အရင်က လယ် ၂၃ ဧကကျော်ပိုင်တဲ့ လယ်ရှင်တွေပေါ့။ အခုတော့ မြို့ပြစီမံကိန်းအတွက်ဆိုလား တိုင်းဒေသကြီးအစိုးရက သိမ်းလိုက်တာ ၄ဧကတောင်မ ကျန်တော့ဘူး။

သူ့ယောက်ျားလည်း ထောင်ကျနေတာ မလွတ်သေးဘူး။ ဒီမနက် လယ်တဲမှာသူမရှိတုန်း အဲဒီကျန်နေတဲ့ ၄ ဧကထဲမှာ မြေကွက်လာချပြီး တိုင်တွေထပ်စိုက်နေတယ်။

အဲဒါကို သူမြင်တော့ သူတို့ မိသားစုကိုပဲ သတ်ပြီး အားလုံးယူသွားပါတော့လို့ ငိုယိုတောင်းပန်နေတာ ကို မြင်တာတော့ ကျမတောင် မျက်ရည်ကျမိတယ်။
FB-Mi Hsoe

0 comments:

Post a Comment