Friday, December 12, 2014

စီအိုင်အေအဖွဲ့၏ စစ်ဆေး မေးမြန်းမှုဆိုင်ရာ နည်းလမ်းများ လက်ရှိ အခြေအနေ နှင့် တခြားစီဖြစ်ကြောင်း သမ္မတ အိုဘားမား သုံးသပ်ပြောကြား

President Obama spoke at C.I.A. headquarters as C.I.A. director Leon Panetta looked on.
ဝါရှင်တန် ၊ ၁၂-၁၂-၂၀၁၄
အမေရိကန် အထက် လွှတ်တော်၏ အစီရင်ခံစာ တစ်စောင်တွင် ရေးသား ဖော်ပြထားသည့် စီအိုင်အေ အဖွဲ့၏ စစ်ဆေး မေးမြန်းမှု ဆိုင်ရာ နည်းလမ်းများ အနက် အချို့သည် မှားယွင်းပြီး လက်ရှိလုပ်ဆောင် နေ သည့် အခြေအနေ နှင့် တခြားစီ ဖြစ်ကြောင်း သမ္မတ အိုဘားမား က သုံးသပ် ပြောကြား ခဲ့သည်။

အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် လက်ထက်အတွင်း စီအိုင်အေ အဖွဲ့၏ စစ်ဆေးမေးမြန်း မှု နှင့်ပတ်သက်၍ ပြန်လည်  သုံးသပ်ထားသော အစီရင်ခံစာ တစ်စောင်ကို ဒီမိုကရက်တစ် ပါတီ၏ အုပ်ချုပ်မှု လက်အောက်ရှိ အထက်လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မတီက ထုတ်ပြန်ခဲ့ ပြီးနောက် နာရီပေါင်းများစွာ အကြာတွင် အိုဘားမား၏ သုံးသပ်ချက် ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတ အိုဘားမားသည် လွန်ခဲ့သော ခြောက်နှစ်နီးပါးက သမ္မတ တာဝန်စတင် ထမ်းဆောင်ခဲ့ပြီး ယင်းအချိန် မှစ၍ စီအိုင်အေ အဖွဲ့၏ ရက်စက်သော နည်းလမ်းများနှင့် စစ်ဆေးခြင်းကို အချိန်တို အတွင်း တားမြစ်ခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော် စီအိုင်အေ အဖွဲ့သည် ၄င်းတို့၏ လုပ်ဆောင်မှု နည်းလမ်းများနှင့် စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ ကို လိမ်လည် လှည့်ဖြား ခဲ့ကြောင်း၊ ၄င်းတို့၏ မှတ်တမ်းမှတ်ရာ များသည် ၄င်းအဖွဲ့၏ လုပ်ဆောင်ချက်များ ကို ထောက်ခံ ပေးနိုင်ခြင်း မရှိကြောင်း အထက် လွှတ်တော်၏ အစီရင်ခံစာ တစ်စောင်တွင် ရေးသားဖော်ပြ ထားကြောင်း သိရှိရသည်။
#PyiChitThar

0 comments:

Post a Comment