Friday, December 5, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေတက္ကသိုလ်တို့ပူးပေါင်း၍ စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း ပထမအကြိမ် ဖွင့်လှစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၄- ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေနိုင်ငံ Norwegian University of Science and Technology (NTNU), Knowledge Development တို့ပူးပေါင်းပြီး စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းကို ပထမဆုံး အကြိမ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံခန့်ခွဲမှုမဟာဘွဲ့ သင်တန်း(Master of Management) ကိုလာမည့် ၂၀၁၅ခုနှစ်၊ မတ် လတွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး သင်တန်းကာလမှာ စာတမ်းပြုစုခြင်းအပါ အဝင် နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦးက''ဒီသင်တန်း အတွက် NTNU, KD, Telenorနဲ့ ဆရာမတို့တက္ကသိုလ် က ပါမောက္ခတွေပါတဲ့ NTNU အဖွဲ့က ရွေး ချယ်ထားတဲ့သင်တန်းသားတွေရဲ့ ဘွဲ့၊ ဒီဂရီအသေးစိတ်အချက်အလက်တွေကို ဒီမဟာဘွဲ့ပေးမယ့် Final List ကို နောက်ဆုံးဆန်ခါတင်သင်တန်းသားရွေးချယ်ဖို့ပေးပို့ထားတယ်။ နောက်ဆုံး Final List ကို အယောက် ၄ဝရွေးမယ်ပြောတယ်''ဟု ပြောသည်။

ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းတွင် သတင်းအချက်အလက်နှင့်ဆက် သွယ်ရေးနည်းပညာ(ICT)၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များနှင့်စီမံခန့်ခွဲမှု ဘာသာ ရပ်ကို အဓိကထားသင်ကြားပေးမည်ဖြစ်ကြောင်း၊ အသက် ၃ဝနှစ်အောက် MBA ဘွဲ့ရရှိထားသူ (သို့ မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ အင်္ဂလိပ်စာစွမ်းရည်ကောင်းမွန်သူများလျှောက်ထားနိုင်ကြောင်း သိရသည်။

''သူတို့ကတော့ Oil and Gas အတွက်စီမံခန့်ခွဲရေးဆိုင်ရာပညာရပ်တွေ သင်ပေးမယ်လို့ပြောတယ်။ အိုင်စီ တီနဲ့အင်ဂျင်နီယာနယ်ပယ်က လူတွေဆိုရင် ပိုပြီးသင့်တော်တယ် ပြောပေမယ့် Any Graduated လဲ လျှောက်လို့ရပါတယ်။ သင်တန်းကြေးက ဒေါ်လာနဲ့ သွင်းရမယ်။ ဒါပေမဲ့ တယ်လီနောကုမ္ပဏီကနေ သင်တန်းသားအယောက် ၂ဝကို full scholarship ပေးဖို့ရှိတယ်'' ဟု ဒေါက် တာခင်နိုင်ဦးက ထပ်မံပြော ကြားသည်။

အဆိုပါမဟာဘွဲ့သင်တန်း သားအယောက် ၂ဝကို တယ်လီနောကုမ္ပဏီမှ ရာနှုန်းပြည့်ပညာသင်ဆု ပေး မည်ဖြစ်ပြီး နော်ဝေကုမ္ပဏီတချို့မှ ကျန်သင်တန်း သားများအတွက် ပညာသင်ဆုပေးနိုင်ရန်လည်း ဆောင် ရွက်လျက်ရှိသည့် အတွက် နောက်ပိုင်း၌ သင်တန်းသားအားလုံးသည် ပညာသင်ဆုများ လျှောက် ထား နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်တယ်လီနောကုမ္ပဏီမှပေးအပ်မည့် ရာနှုန်းပြည့်ပညာသင်ဆုကို သင်တန်း တက်ရောက်ရန်ရွေးချယ်ခံရသည့်ကျောင်း သားများ၏ အရည်အချင်းပေါ်မူတည်၍ ပေးအပ်သွားနိုင်ကြောင်း သိရသည်။

ယင်းစီမံခန့်ခွဲမှုမဟာဘွဲ့သင် တန်းလျှောက်လွှာများကို အောက်တိုဘာလခန့် ကခေါ်ယူခဲ့ကြောင်း၊ ရေး ဖြေ စာမေးပွဲကျင်းပပြီး သင်တန်းသားများ စိစစ်ရွေးချယ် ခဲ့ရာ သင်တန်းသား ၁၀ဝကျော်သည် Norwegian University of Science and Tech-nology(NTNU) ၏ နောက်ဆုံး ဆန်ခါတင် ၄ဝဦးစာရင်းတွင် ထပ်မံ အရွေးချယ်ခံရမည်ဖြစ်သည်။
CCT
#Democracytoday

0 comments:

Post a Comment