Tuesday, December 16, 2014

အီရတ်တွင် ကင်းမြီးကောက် အရှင်များကို ဗုံးလုပ်ကာ အိုင်အက်စ်အဖွဲ့ တိုက်ခိုက်

အိုင်အက်စ်တို့က လက်နက်မျိုးစုံဖြင့် လူအများကို ခြောက်ခြားစေရန် ကြိုးပမ်းလျှက် ရှိသည်။ ဓာတ်ပုံ -
 ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၆။
အီရတ်နိုင်ငံ အတွင်း နောက်ဆုံး လက်နက်ဆိုး တစ်မျိုးအဖြစ် အိုင်အက်စ်တို့ က ကင်းမြီးကောက် အရှင်များ ကို ဗုံးလုပ်ကာ တိုက်ခိုက် လာပြီ ဖြစ်သည်။ ကင်မြီးကောက်များ ပါသည့် ဗုံးများကို မြို့ များနှင့် ကျေးရွာများ တွင် ဖောက်ခွဲ၍ ကင်းမြီးကောက် များ ဖြန့် ပစ်ခြင်းဖြင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အီရတ်နိုင်ငံမှ မကြာသေးမီက ပြန်လည် ရောက်ရှိ ခဲ့သည် ဗြိတိန်စစ်ဖက် ပါရဂူ တစ်ဦးက ပြောသည်။

"ဒါက အရူးထတာပဲ။ အိုင်အက်စ်တွေက တိုက်ခိုက်ရေး အတွက် လက်နက်မျိုးစုံကို တီထွင် နေတယ်။ အခုလည်း ကင်းမြီးကောက် တွေကို လက်နက် အဖြစ် သုံးနေပြီ။ ကင်းမြီးကောက် တွေက အသက်ပြင်း တယ်။ တကယ်လို့ သူတို့ ကို ဗုံးလို ဖောက်ခွဲ ပစ်မယ်ဆိုရင် ကင်းမြီးကောက် တွေက အဲဒီနေရာမှာ ဝန်းကျင်အနှံ့ ပျံ့ နှံ့ သွားမှာ ဖြစ်တယ်။ အဆိပ်ပြင်းတဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် တစ်ကြောင်း၊ နောက် တစ်ခုက ဖက်ပြိုင်ပြုနေသူတွေကို ကြောက်ရွံ့  စေနိုင်တာကြောင့် တစ်ကြောင်း ယခုလို အိုင်အက်စ်တွေက လုပ်ဆောင်ခြင်း ပဲဖြစ်ပါတယ်။"ဟု နေတိုးတပ်ဖွဲ့ တွင် ဓာတုနှင့် ဇီဝ လက်နက်ဆိုင်ရာ ပညာရှင်အဖွဲ့ အကြီး အကဲဟောင်း ဂျော်ဒန်ကပြော သည်။

အိုင်အက်စ်တို့ အသုံးပြုသည့် နှစ်ပေမျှရှိသော ကင်းမြီးကောက်ဗုံးများသည် ပေါက်ကွဲ၍ ထိခိုက်သေကျေ သည့် လက်နက်မဟုတ်သော်လည်း ကင်းမြီးကောက်များ များပြားစွာနှင့် ရင်ဆိုင်ကြုံတွေ့ ရမည်ဖြစ် သဖြင့် ကြောက်လန့် ခြောက်ခြားစိတ်ကို ဖြစ်စေမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ထို့ပြင် အိုင်အက်စ်တို့၏ အဆိုပါ ကင်းမြီးကောက် ဗုံးများဖြင့် တိုက်ခိုက်မှုမှာ တစ်ကယ့် ဗုံးအစစ်များဖြင့် တိုက်ခိုက်ရန် အတွက် အာရုံလွှဲခြင်း မျိုးလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။

အီရတ်များက ကင်းမြီးကောက်များကို တိုက်ခိုက်ရေး လက်နက်များ သဖွယ်သုံးခြင်းသည် လွန်ခဲ့သော အေ ဒီ ၁၉၈ ခုနှစ်ခန့် ကပင်စတင် အသုံးပြု ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကာလက အိုးများ အတွင်း ကင်းမြီးကောက်များကို အပြည့်ထည့်ကာ တိုက်ခိုက်ရေးတွင် အသုံးပြု ခဲ့ကြသည်။ ရောမကျုးကျော်မှု အတွင်း အီရတ်များက ယင်းသို့ ပြန်လည် တိုက်ခိုက်ခုခံ ခဲ့ကြသည့် သမိုင်းရှိခဲ့သည်။
Mizzima News
Ref: Mirror

0 comments:

Post a Comment