Monday, December 29, 2014

ဒီမိုကရက်တစ်ကွန်ဂိုအရှေ့ပိုင်း၌သတင်းသမားအသတ်ခံရ

ဂိုမာ၊ ဒီဇင်ဘာ ၂၈
ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံပိုင် မီဒီယာမှ သတင်း သမားတစ်ဦးမှာ ဂိုမာမြို့တွင် ပစ် ခတ်သတ်ဖြတ်ခံလိုက် ရကြောင်း သက်ဆိုင်ရာကပြောကြားခဲ့သည်။

ရောဘတ်ချမ်မာဝီရှာလူဘူ တို့၏ အလောင်းကို ၎င်း၏နေအိမ် အနီးရှိ ကုန်စုံဆိုင်တစ်ခု၏ အနား၌ တွေ့ခဲ့ ရကြောင်း၊ ၎င်းမှာရင်ဘတ် ကိုပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း၊ မြောက်ကီဗူပြည်နယ်ပြော ရေး ဆိုခွင့်ရသူ စေလီစတင်စီဘိုမာနာ က ပြောကြားခဲ့သည်။

ဂိုမာမြို့မှာ အ ဆိုပါပြည်နယ်၏ မြို့တော်ဖြစ်သည်။ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဖယ်လာလူတိုင်ချီဝါက လည်း ကွန်ကို အမျိုးသား ရေဒီယိုနှင့် ရုပ် သံဌာန(RTNC)မှ သတင်းသမားမှာ အသတ်ခံရကြောင်း အတည်ပြုခဲ့ သည်။

အမှုကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောခဲ့သည်။ အောက်တိုဘာလ ကတည်းက RTNC မှအခြားသတင်းထောက် တစ်ဦးဖြစ်သူ ဖီလေမွန်ဂီရာမှာ သေ နတ်ပစ်ခံခဲ့ရကြောင်း၊ သို့ရာတွင်အ သတ်မသေဘဲ ဘယ်ဘက်ခြေထောက် ဖြတ်ခဲ့ရကြောင်း သိရသည်။

ဂိုမာမြို့၌ သတင်းသမားများ မှာ တစ်ခါတစ်ရံ ပစ်ခတ်သတ်ဖြတ် မှုကို ခံနေကြရသည်။ သတင်းသမား များကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ် နေသည်ဟု ဆီဘိုမာနာကဆိုသည်။

လွန်ခဲ့သော ၁၆ နှစ်အတွင်း ဂွန်ဂိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံတွင် အသတ်ခံရသော သတင်းသ မား ၁၀ ဦးရှိသွား ပြီဖြစ်သည်။
#‎Democracytoday‬
Ref : AFP

0 comments:

Post a Comment