Wednesday, December 17, 2014

အလောင်းတော်ကဿ ပဘုရားဖူးလမ်း ဒီဇင်ဘာ ၂၄ရက် ဖွင့်မည်

ကနီ၊ ဒီဇင်ဘာ ၁၆
ပွင့်လင်းရာသီ ၌သာ သွားလာနိုင်သည့် အလောင်း တော် ကဿ ပလမ်းကို ပြုပြင်ပြီးဖြစ် ၍ ဒီဇင်ဘာ ၂၄ ရက်တွင် တောင် တက်ခရီး အစဖြစ်သော ယင်းမာ ပင်မြို့နယ် ကပိုင်ကျေးရွာလမ်း၌ အခမ်းအနားဖြင့် ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

အလောင်းတော်ကဿ ပသို့ ဘုရားဖူးရာသီတွင် မြန်မာနိုင်ငံအနှံ့ အပြားမှ ဘုရားဖူးယာဉ်များ အများ အပြားလာရောက်လေ့ရှိကြသည်။

အလောင်းတော်ကဿ ပ သို့ သွား ရာ လမ်းကြောင်းပေါ်ရှိ ကပိုင်ကျေး ရွာအလွန် ပွင့်ကြီးစခန်းမှစတင်၍ မိုင် ၂ဝခန့်မှာ တောင်ပေါ်လမ်း ခရီး ဖြစ်ပြီး နှစ်စဉ်မိုးရွာသွန်းမှုကြောင့် လမ်းမျက်နှာပြင်ပျက် စီးခြင်း၊ ရေ စီး မြောင်း များအလျားလိုက်ရော ကန့်လန့် ဖြတ်ပါဖြစ်ပေါ်ခြင်း၊ မြေသားပြို ခြင်း၊ လမ်းချော်ခြင်းများရှိသည့် အပြင် တောင်ပေါ်သစ် ပင်ဝါးပင်များ ပြိုလဲကျမှုကြောင့် မော်တော်ယာဉ် များသွားလာရန် အထူးပင်ခက်ခဲ မှုရှိခဲ့သည်။

''အလောင်းတော်ကဿ ပ တောင်ပေါ်လမ်းကို သာသနာပြု ဖိုလ်ဝင်တောင် ဆရာတော် ဦးသုမန ဦးဆောင် မှုဖြင့် နိုဝင်ဘာမှစတင်ပြီး စက်ယန္တရားများ အသုံးပြု၍ မြေထိုး၊ မြေညှိပြုပြင်ဆောင်ရွက်ပါတယ်။ လမ်းဖွင့်ပွဲက ဒီဇင်ဘာ ၂၄ရက်နေ့မှ လုပ်မယ်ဆိုပေမယ့် ဒီဇင်ဘာ ၁၀ ရက်လောက်ကစပြီး ဘုရားဖူး ကား တွေ တစ်နေ့လေး၊ ငါးစီးလာရောက် နေပါပြီ။ ဒီဇင်ဘာကနေ သင်္ကြန် အထိ ဘုရားဖူးကားတွေ အသွားအလာ များမှာပါ။ တပို့တွဲလပြည့်နဲ့ တပေါင်း လပြည့်နေ့တွေကတော့ အစည်ကား ဆုံးရက်တွေ ပါပဲ''ဟု ကပိုင်ကျေးရွာ မှ နယူးစတားစားသောက်ဆိုင် ပိုင်ရှင် ဦးဘသက်က ပြောသည်။

အလောင်းတော်ကဿ ပသို့ သွားရောက်ရာတွင် မုံရွာမြို့မှ ယင်းမာ ပင်မြို့ ကိုဖြတ်၍ ဇီးတော-ရင်ပေါင် တိုင်-ကပိုင်မှ အလောင်းတော် ကဿ ပ သို့ သွားလာ သူများရှိသလို မုံရွာမြို့မှ မုံရွာ-ယာကြီးကလေးဝလမ်းအတိုင်း၊ ထရော်ကျင်း ရွာအရောက်လမ်းခွဲမှ သီးကုန်း-ကပိုင်လမ်းအတိုင်းလည်း သွားလာနိုင်သည်။

ကပိုင်ကျေးရွာပွင့်ကြီး စခန်းမှ အလောင်းတော်ကဿ ပ သစ်လုံး စခန်းအထိ လမ်းပိုင်း မှာ ညပိုင်းသွား လာခွင့် ပိတ်ထားသဖြင့် အတက်အ ဆင်းကားများမှာ ကပိုင်ကျေးရွာရှိ စားသောက်ဆိုင်တန်းတွင် ခေတ္တရပ် နားမှု ပြုလုပ်ကြရပြီး အလောင်းတော် ကဿ ပတောင်ပေါ် လမ်း အတက် ခရီးစဉ်အား နံနက် ၅နာရီနှင့် အဆင်း ခရီး စဉ်ကို ညနေ ၆ နာရီအထိသာ မော်တော် ယာဉ်များ မောင်းနှ င်သွား လာခွင့်ပြုထားကြောင်း သိရသည်။
DW
#Democracytoday

0 comments:

Post a Comment