Monday, December 29, 2014

ဖယ်ရီသင်္ဘော မီးလောင်၊ ခရီးသည် ၃၀၀ နီးပါးကို ကယ်ဆယ်ရန် ကြိုးစား

29 December 2014
စုစုပေါင်း ခရီးသည် ၄၇၈ ယောက် လိုက်ပါလာတဲ့ ဂရိနိုင်ငံပိုင် ဖယ်ရီသင်္ဘောဟာ မြေထဲပင်လယ်ထဲမှာ ဆက်လက်မီးလောင်ကျွမ်းနေပြီး ကျန်ရှိနေသေးတဲ့ ခရီးသည် ၃၀၀ လောက်ကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

ferryဂရိနိုင်ငံ ပါတရပ်စ်မြို့ကနေ အီတလီနိုင်ငံ အန်ကိုနာမြို့ကို ထွက်ခွာလာတဲ့ နော်မန် အတ္တလန်တိတ် ဖယ်ရီသင်္ဘောဟာ ဂရိနိုင်ငံ ကော်ရ်ဖူးမြို့ရဲ့ အနောက်မြောက်ဖက် ၄၆ မိုင်အကွာ ရေပြင်မှာ မီးလောင်နေတာပါ။

ခရီးသည် ၄၇၈ ယောက်မှာ အယောက် ၂၀၀ ၀န်းကျင်ကို ကယ်တင်နိုင်ခဲ့ပြီး ခရီးသည် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ကားတွေကို တင်ဆောင်တဲ့ အထပ်ကနေ မီး စတင်လောင် ကျွမ်းတာလို့ အီတလီသတင်းတွေမှာ ဖော်ပြကြပြီး ဘာကြောင့် လောင်ကျွမ်းရတယ်ဆိုတာတော့ မသိရသေးပါဘူး။

သင်္ဘောထဲမှာ မီးခိုးမွှန်တွေ ပူလောင်နေပြီး သင်္ဘောအပြင်မှာ ကယ်ဆယ်ရေးတွေကို စောင့်ဆိုင်းချိန် မှာတော့ ရေခဲသမျှအေးစက်နေတယ်လို့ ခရီးသည်တွေ ပြောဆိုကြပါတယ်။

အနီးပတ်ဝန်းကျင်က သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေနဲ့ ခရီးသည်တွေကို ကယ်ဆယ်နေကြပြီး လေ ကြမ်းလှိုင်းကြမ်းတာကြောင့် ကယ်ဆယ်ရေးအတွက် အခက် တွေ့နေရတယ်လို့လည်း ဂရိပင် လယ်ရေကြောင်းဝန်ကြီး မီလ်တီယာဒစ်စ် ဗာဗစ်တ်ဆီယိုတစ်စ်က ပြောကြားပါတယ်။

ကံကောင်းတာက အနီးတ၀ိုက်မှာ အခြားသင်္ဘောတွေ လုံလုံလောက်လောက် ရှိတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ယုံကြည်မှုအပြည့်အ၀ရှိပါတယ်လို့လည်း ပြောဆိုပါတယ်။

ခရီးသည်အများစုက ဂရိနိုင်ငံသားတွေ ဖြစ်ကြပြီး အီတလီ၊ တူရကီနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတွေ ပါဝင်တယ်လို့ သိရပါတယ်။

အီတလီနဲ့ အယ်လ်ဘေးနီးယားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေလည်း ပူးပေါင်းပါတယ်။ ရာနဲ့ချီတဲ့ ဂရိကျွန်းတွေကို ဆက်သွယ်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားလာဖို့ ဒီဖယ်ရီသင်္ဘော တွေကိုပဲ အဓိကအသုံးပြုနေရတာလို့ သိရပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment