Tuesday, December 16, 2014

2014 Miss World ရွေးပွဲတွင် တောင်အာဖရိက အလှမယ် သရဖူဆွတ်ခူး

Miss South Africa crowned Miss World
Miss South Africa and the 2014 Miss World Rolene Strauss (2L) sits after being crowned, flanked by first runner up Miss Hungary Edina Kulcsar (L) and second runner up Miss United States Elizabeth Safrit (3L) in London on December 14, 2014
လန်ဒန် ၊ ၁၆-၁၂-၂၀၁၄
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည့် (၆၄) ကြိမ်မြောက် 2014 Miss World အလှမယ် ရွေးချယ်ပွဲ၌ တောင်အာဖရိက အလှမယ် ရိုလင်း စထရပ်စ် က အလှမယ် သရဖူဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အလှမယ် ရိုလင်း စထရပ်စ် သည် စတုတ္ထနှစ် ဆေးကျောင်းသူ တစ်ဦးဖြစ်ပြီး သူမအား ဆေးပညာရပ် အပေါ် စိတ်ဝင်စား စေခဲ့သော ဖခင် ဖြစ်သူ၏ သွန်သင် ဆုံးမမှုကို အဆိုပါ အလှမယ် ပြိုင်ပွဲတွင် ချီးကျူး ပြောကြား ခဲ့သည်။ ထို့ပြင် သူမ၏ မိခင် ဖြစ်သူက သူမအား စိတ်ထား မှန်ကန်အောင် သင်ကြား ပေးလေ့ ရှိကြောင်း၊ အစ်ကိုဖြစ်သူ ကလည်း သူတစ်ပါး အပေါ် စာနာရိုင်းပင်း တတ်သည့် စိတ်ဓာတ်နှင့် စိတ်ရှည် သည်းခံ နိုင်သည့် စိတ်ထားတို့ကို မွေးမြူရန် သင်ကြား ပေးခဲ့ကြောင်း သူမက ပြန်လည် ပြောပြ ခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ရိုလင်း စထရပ်စ် သည် ဂေါက်သီး ရိုက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဘတ်စ ကက်ဘော ကစားခြင်း၊ စာဖတ်ခြင်း တို့ကို စိတ်ဝင်စားသူ ဖြစ်သည်။

ထို့ပြင် သူမသည် ဂီတပိုင်း တွင်လည်း ထူးချွန်သူ ဖြစ်ပြီး ပလွေ၊ ဂီတာ နှင့် စန္ဒရား တို့ကိုလည်း ကျွမ်းကျင် စွာ တီးခတ် နိုင်သူ ဖြစ်ကြောင်း သိရသည်။

သူမ အနေဖြင့် ဆရာဝန် တစ်ဦး ဖြစ်လာပါက အမျိုးသမီး များ၏ ကျန်းမာရေးကို အဓိကထား စောင့်ရှောက် သွားမည်ဖြစ်ပြီး MBA ဘွဲ့ကိုလည်း ရရှိအောင် ကြိုးစား သင်ယူ သွားမည်ဟု ရိုလင်း စထရပ်စ်က ပြော ကြား ခဲ့သည်။

၂ဝ၁၄ ခုနှစ်၏ Miss World အလှမယ် ရွေးချယ်ပွဲ၌ 1st Runner-up ဆုကို ဟန်ဂေရီ အလှမယ် အယ်ဒီနာ ကားလ်စကာ က ရရှိခဲ့ပြီး 2nd Runner-up ဆုကို အမေရိကန် အလှမယ် အဲလိဇဘက် ဆာဖရစ် က ရရှိ ခဲ့ကြောင်း သိရသည်။
#PyiChitThar
Miss South Africa crowned Miss World

0 comments:

Post a Comment