Thursday, November 27, 2014

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ ညီမငယ်ဖြစ်သူ ကင်ယိုဂျုံ ကို အစိုးရအဖွဲ့အတွင်း အဆင့်မြင့်ရာထူး ခန့်အပ်

ပြုံယမ်း ၊ ၂၈-၁၁-၂၀၁၄
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ ညီမငယ်ဖြစ်သူ ကင်ယိုဂျုံ (ပုံ) သည် အာဏာရ ကိုရီးယား အလုပ်သမားပါတီ တွင် အဆင့်မြင့် ရာထူးကို ထမ်းဆောင်လျက် ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အသက်၂၇ နှစ် အရွယ်သာ ရှိသေးသည်ဟု ယူဆရသည့် ကင်ယိုဂျုံသည် ယခင်က ပါတီမှ တာဝန်ရှိသူ တစ်ဦး အဖြစ်သာ သိရှိခဲ့ကြ သော်လည်း ယခုအခါ အာဏာရပါတီ ဗဟိုကော်မတီ အတွင်းရှိ ဌာန တစ်ခု တွင် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် နိုဝင်ဘာ ၂၇ ရက်က ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း KCNA သတင်း အေဂျင်စီ က ဖော်ပြခဲ့သည်။ သူမသည် ခေါင်းဆောင် ကင်ဂျုံအွန် ၏ အစိုးရအဖွဲ့ တွင် အ ဆင့်မြင့် ရာထူးကို ရရှိထားသည့် တစ်ဦးတည်းသော မိသားစုဝင် တစ်ဦးဖြစ်ပြီး ယခင်က ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၏ ညီမဖြစ်သူ ကင်ယောင်ဟွီ မှာ အစိုးရ အဖွဲ့အတွင်း အဆင့်မြင့် ရာထူးကို လက်ခံရရှိ ထားခဲ့သော်လည်း ၄င်း၏ခင်ပွန်း ဂျန်ဆုန်သက် မှာ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ကွပ်မျက် ခံရပြီးချိန် မှစ၍ နိုင်ငံရေး မြင်ကွင်းအတွင်းမှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

အသက် ၃၁နှစ်အရွယ် ခေါင်းဆောင် ကင်ဂျုံအွန် နှင့် ညီမဖြစ်သူ ကင်ယိုဂျုံ တို့သည် ဆွစ်ဇာလန် နိုင်ငံရှိ စာသင်ကျောင်း တစ်ကျောင်းတွင် အတူ တက်ရောက်ခဲ့သည်ဟု ယူဆ ရကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment