Tuesday, November 25, 2014

ရဲအရာရှိအား တရားရုံးက အပြစ်မရှိဟု စီရင်ချက်ချမှတ် ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် ဆန္ဒပြပွဲများနှင့် အကြမ်းဖက် လုယက်မှုများ ဖြစ်ပွား

Fires, chaos erupt in Ferguson after grand jury doesn't indict in Michael Brown case

A police officer runs by a burning police car on November 24.
Police in riot gear move past a burning vehicle on November 24.

Police officers walk past the smoldering remains of a beauty supply store in on November 25.
ဝါရှင်တန် ၊ ၂၆-၁၁-၂၀၁၄
အမေရိကန် ပြည်ထောင်စု မစ်ဆူရီ ပြည်နယ်တွင် လူမည်း အမျိုးသား တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ရဲအရာရှိ တစ်ဦးအား တရားရုံးက အပြစ်မရှိဟု စီရင်ချက် ချမှတ်ခဲ့ခြင်း ကြောင့် နိုင်ငံ တစ်ဝန်းလုံးတွင် ဆန္ဒပြပွဲများ နှင့် အကြမ်းဖက် လုယက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ လူမည်း အမျိုးသား မိုက်ကယ်ဘရောင်း သည် ယခုနှစ် သြဂုတ်လ ၈ ရက်က ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒါးရင် ဝီလ်ဆင် ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး ယင်းအမှုနှင့် စပ်လျဉ်း၍ တရားရုံးက ရဲအရာရှိ ဒါးရင် ဝီလ်ဆင် တွင် အပြစ်မရှိကြောင်း နိုဝင်ဘာ ၂၄ ရက်က စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တရားရုံးက ယင်းသို့ စီရင်ချက်ချ မှတ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်နယ် အတွင်းရှိ မကျေနပ်သူ ပြည်သူများက ဆန္ဒပြ ကန့်ကွက် ခဲ့ကြသည့် အပြင် ရဲတပ်ဖွဲ့မှ မော်တော်ယာဉ် များကို မီးရှို့ဖျက်ဆီး ခဲ့ကြပြီး လုယက်မှုများ ကိုပါ လုပ်ဆောင် ခဲ့ကြသည်။ မြင့်တက်လာသည့် ဆန္ဒပြမှု များကြောင့် ပြည်နယ် အာဏာပိုင်များက နောက်ဆုံးတွင် ရဲတပ်ဖွဲ့က သေနတ် ပစ်ဖောက်မှု အကြိမ်ပေါင်း ၁၅ဝ ခန့် ပြုလုပ်၍ သတိပေး ခဲ့ရကြောင်း၊ သို့ရာတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တစ်စုံ တစ်ဦးမှ ဒဏ်ရာရရှိခဲ့ခြင်း မရှိသော် လည်း လူ ၂၉ ဦးခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သည်။

အလားတူ နယူးယောက်မြို့ တွင်လည်း ပြည်သူဦးရေ ၂ဝဝဝ ခန့်က မဟက်တန် မြို့လယ်သို့ ချီတက်၍ မိုက်ကယ်ဘရောင်း ၏ အမှုအပေါ် တရားရုံးက စီရင်ချမှတ်ခဲ့ခြင်း နှင့်စပ်လျဉ်း၍ ဆန္ဒပြခဲ့ပြီး အမှန်တရား အတိုင်း စီရင်ပေးရန် တောင်းဆို ခဲ့ကြ သည်။ အဆိုပါ အမှုနှင့် စပ်လျဉ်း၍ အခြားမြို့ကြီးများ ဖြစ်သည့် လော့စ်အိန်ဂျလိစ်၊ ဝါရှင်တန် နှင့် ချီကာဂို မြို့တို့တွင်လည်း ဆန္ဒပြမှုများ ပြုလုပ်လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် ဆန္ဒပြသူ များအား ငြိမ်းချမ်းစွာ ဆန္ဒပြကြရန် နှင့် အဓိကရုဏ်း များကို ပြုလုပ်ခြင်း မပြုရန် သမ္မတ ဘားရက် အိုဘားမား က တောင်းဆို ထားကြောင်း သိရသည်။
#PyiChitThar

0 comments:

Post a Comment