Saturday, October 18, 2014

Master Sport ဝန်ထမ်းတွေ အပြုံးပန်းဝေတဲ့နေ့

Master Sport ဖိနပ်စက်ရုံ ဝန်ထမ်း ခုနစ်ရာဝန်းကျင်ကို လုပ်အားခနဲ့ အလုပ်ပိတ် နစ်နာကြေး ကျပ်သိန်းနှစ်ထောင်ကျော် အောက်တိုဘာလ ၁၇ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမ မှာ ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။ စက်ရုံရှိ ပစ္စည်းတွေကို လူမှုဖူလုံရေး ဝန်ကြီးဌာနက လေလံတင်ပေးခဲ့ပြီး ရတဲ့ငွေတွေနဲ့ ပေးချေခဲ့တာပါ။ စက်ရုံပိုင်ရှင် တောင်ကိုရီးယား နိုင်ငံသားဟာ ဝန်ထမ်းတွေကို အသိမပေး ဘဲ စက်ရုံပိတ် ထွက်ပြေးသွားတာ ဖြစ်ပြီး ဒီနောက်ပိုင်း လှိုင်သာယာကနေ လှည်းတန်းထိ လမ်းလျှောက်  ဆန္ဒပြမှုတွေ၊ ရဲနဲ့ လုပ်သား အဓိကရုဏ်း ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
The Voice Weekly








0 comments:

Post a Comment