Friday, October 10, 2014

ပြည်တွင်းဈေးကွက်ကို မိတ်ဆက်မယ့် Huawei Ascend G7

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ ပြည်တွင်းဈေးကွက်ကို အပြိုင်ဝင်ရောက်လာတဲ့ စမတ်ဖုန်း အမျိုးအစားတွေက မနည်းလှ ပါဘူး။ ဒီထဲမှာမှ ပြည်တွင်းဈေးကွက်မှာ နာမည်ရပြီး ဖြစ်တဲ့ Huawei ရဲ့ ဖုန်းတစ်လုံးကို အောက်တိုဘာလ ၁၀ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။

ထိပ်တန်းစမတ်ဖုန်းအားလုံးလိုလို မော်ဒယ်အသစ်ဖုန်းတွေ ထွက်လာချိန်မှာ Huawei တို့ကလည်း သူတို့ရဲ့ Ascend G7 ကို မြန်မာပြည်ဈေးကွက်ထဲ စေလွှတ်လိုက်ပါတယ်။ လိုအပ်ချက်များတဲ့ ပြည်တွင်းဈေးကွက်ဝေ စုထဲက အချိုးကျ ခွဲယူဖို့ Huawei တို့ ဘယ်လိုပြင်ဆင်လာသလဲ လေ့လာကြည့်ရအောင်။

မျက်နှာပြင်အရွယ်အစားနှင့် အရည်အသွေး ၅ ဒသမ ၅ လက်မ မျက်နှာပြင် ဖြစ်တဲ့အတွက် ကျယ်ပြန့်တဲ့ မျက်နှာပြင်လို့ ပြောရမှာပါ။ လူမှုကွန်ရက်တွေ သုံးမယ် ဆိုရင်တော့ မျက်နှာပြင်ကြီးမှပဲ အဆင်ပြေ မှာဖြစ်ပါတယ်။ IPS LCD မျက်နှာပြင်ကို အသုံးပြုထားပြီး ပုံရိပ်ပုံဖော်နိုင်စွမ်းက 720 x 1280 pixels အရည်အသွေးရှိပါတယ်။ HD အရည်အသွေး ပုံရိပ်တွေကို ခံစားနိုင်မှာပါ။ ပုံရိပ်သိပ်သည်းဆ က 267 ppi ရှိပါတယ်။

ကင်မရာအရည်အသွေး

ရှေ့ကင်မရာ 5MP ရှိတဲ့အတွက် တော်ရုံစမတ်ဖုန်းတွေကို ကောင်းကောင်းစိန်ခေါ်နိုင်ပါတယ်။ နောက်ကင်မရာ ကတော့ 13 MP ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေ အသုံးများလာတဲ့ခေတ်မှာ ကင်မရာအရည်အသွေးကို ထည့်သွင်း စဉ်းစားလာကြတဲ့အတွက် Huawei တို့က အကောင်းဆုံးအထောက်အပံ့ပေးထားပါတယ်။

Geo-tagging, touch focus, face/smile detection, panorama, HDR စတဲ့ ကင်မရာစွမ်းဆောင် ချက် တွေပါဝင်ပြီး 4160 x 3120 pixels အရည်အသွေးရှိ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါတယ်။

ဘက်ထရီ အရည်အသွေး

Non-removable Li-Po 3000 mAh battery ကိုအသုံးပြုထားပါတယ်။ ဖုန်းပြောဆိုမှုအတွက် ဘယ်လောက် အသုံးခံတယ်ဆိုတာဖော်ပြထားတာမရှိပေမယ့် သာမန်စမတ်ဖုန်းတွေထက်တော့ ပိုကောင်းနိုင်ပါတယ်။ ဘက်ထရီ ပူတဲ့ ပြဿနာကို ထိန်းချုပ်နိုင်အောင် တီထွင်ထားတယ်လို့ ဆိုပါတယ်။

ကွန်ရက်အမျိုးအစား

2G 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်သလို 4G ကွန်ရက်မှာကိုလည်း အထောက်အပံ့ပေးတယ်လို့ ဆိုပါတယ်။ Sim ကတော့ မိုက်ခရိုဆင်းမ်ပါ။

အခြားစွမ်းဆောင်ရည်များ

Android ရဲ့ 4.4.2 (KitKat) ကိုအသုံးပြုထားပါတယ်။ CPU က Quad-core 1.2 GHz Cortex-A53 ပါ။ ဖုန်းအတွင်းသိုမှီးနိုင်မှုပမာနက 16GB ဖြစ်ပြီး 32GB   အထိမြှင့်တင်အသုံးပြုနိုင်ပါတယ်။ RAM က 2GB ပါ။Bluetooth ၊ NFCစတဲ့နည်းပညာတွေပါဝင်ပါတယ်။ Accelerometer, proximity, compass စတဲ့ အာရုံခံစနစ်တွေ ထည့်သွင်းထားပါတယ်။

မြန်မာပြည်ဈေးကွက်တွင်းမှာ စမတ်ဖုန်းသစ်တွေ အပြိုင်ဝင်လာတဲ့အချိန်မှာ Huawei တို့က သူတို့ရဲ့ မျိုးဆက်သစ်ကို ဈေးကွက်တွင်းစေလွှတ်လိုက်ပါပြီ။ သင့်တော်တဲ့ဈေးနှုန်းနဲ့ အသုံးပြုသူတွေလက် ထဲ ရောက်လာမလားဆိုတာတော့ လိုအပ်ချက်အလိုက်ရွေးချယ်ဝယ်ယူမှုကို စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။
မောင်မန်း
မဇ္ဈိမ

0 comments:

Post a Comment