Monday, October 20, 2014

ဂိုးသွင်းပြီး အောင်ပွဲခံစဉ် မတော်တဆဖြစ်မှုကြောင့် ဘောလုံးသမားတစ်ဦး သေဆုံး(ရုပ်/သံ)


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဂိုးသွင်းပြီး အောင်ပွဲခံစဉ် မတော်တဆဖြစ်မှုကြောင့် အိန္ဒိယ ဘောလုံးသမားတစ်ဦး သေဆုံးခဲ့ပါတယ်။ လွန်ခဲ့သည့်အပတ်က ကျင်းပခဲ့သော အိန္ဒိယလိဂ်ပွဲတစ်ခုတွင် အသက် ၂၃ နှစ်အရွယ် ဘယ်တာဟန် အသင်း၏ အလယ်တန်းကစားသမား ပီတာ ဘိုင်ဆန်ဇူလာ ဆိုသူမှာ တစ်ဖက်အသင်းကို (၁-၀) ဖြင့်ရှုံးနိမ့်နေရာမှ ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်သည့်အတွက် ဂျွမ်းထိုးအောင်ပွဲခံခဲ့ရာ တွင် မြေပြင်ပေါ်သို့ အခန့်မသင့်ပြုတ်ကျခဲ့သည့်အတွက် ဦးနှောက်နှင့် ကျောရိုးသို့ဆက်သွယ်ထားသည့် ပင်မ အာရုံကြောပြတ် သည့်ဒဏ်ရာဖြင့် ၅ ရက်ခန့်အကြာတွင် သေဆုံးသွားခဲ့သည်။ မျက်မြင်သက်သေများ၏ပြောကြားချက်အရ သေဆုံးသူ ပီတာ ဟာ ဂျာမနီလက်ရွေးစင်ဘောလုံးကစားသမား ကလိုဆေး ၏အောင်ပွဲခံသည့် ပုံစံမျိုးဖြင့် အောင်ပွဲခံရန်ကြိုးပမ်းခဲ့ရာမှယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

0 comments:

Post a Comment