Sunday, October 12, 2014

တိုက်ဖုန်းမုန်ုတိုင်း ဂျပန်ကို ၀င်ရောက်၊ လူ ၁ သိန်းခွဲခန့် ဘေးလွတ်ရာ ကယ်တင်ထား

12 October 2014
ဘွန်ဖန်း တိုက်ဖုန်းမုန်တိုင်းဟာ အောက်တိုဘာ ၁၁ ရက်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းပေါ်ကို ၀င်ရောက်လို့ လူဦးရေ တသိန်းငါးသောင်းနီးပါးကို ဘေးလွှတ်ရာ ကယ်တင်ထားရပါတယ်။

မုန်တိုင်းဟာ ဒီနှစ်အတွင်း ဂျပန်နိုင်ငံမှာ ရင်ဆိုင်ရတဲ့ မုန်တိုင်းတွေထဲ အင်အားအပြင်းဆုံးဖြစ်ပါတယ်။

၁ နာရီ ၁၄၆ မိုင်နှုန်းနဲ့ တိုက်ခိုက်တဲ့ မုန်တိုင်းကြောင့် အိုကီနာဝါပြည်နယ်မှာ အနည်းဆုံးလူ ၂၅ ယောက် ဒဏ်ရသွားတယ်လို့ NHK သတင်းက ဆိုပါတယ်။

လေပြင်းနဲ့အတူ၊ ရေကြီးမှု မြေပြိုမှုတွေ ကြုံရနိုင်တဲ့အတွက် အိုကီနာဝါ ပြည်နယ်ထဲက အိမ်ခြေပေါင်း ခြောက်သောင်းလေးထောင်ကို ဘေးလွတ်ရာ ရှောင်ရှားကြဖို့ကိုလည်း သက်ဆိုင်ရာက ကြိုတင်သတိပေးခဲ့ရပါတယ်။

မုန်တိုင်းဟာ ၁ နာရီကို ၉ မိုင်နှုန်းနဲ့ မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ မိုးလေ၀သ ဌာနက ဆိုပါတယ်။

ဘွန်ဖန်း မုန်တိုင်းဟာ ဒီတပတ်အတွင်း အမေရိကန် စစ်အခြေစိုက်စခန်းရှိတဲ့ အိုကီနာဝါ ကျွန်းပေါ်ကို ၀င်ရောက်လာတဲ့ ဒုတိယမြောက် မုန်တိုင်း ဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်ကလည်း မုန်တိုင်းဝင်ရောက်မှုကြောင့် အမေရိကန် လေတပ်သား ၃ ယောက်အပါအ၀င် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment