Thursday, October 23, 2014

ဝမ်းကိုက်၍ ၀မ်းချူရာမှ စအိုတွင် ပုလင်းတစ်လုံး ၀င်သွားရတဲ့ အဖြစ်

မြင်တွေ့လိုက်ယုံဖြင့် အထိတ်တလန့် ဖြစ်ကာ အသည်းတယားယား ဖြစ်သွား စေနိုင်သည့် ဓာတ်မှန် တစ်ခုကို တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ရိုက်ကူး မိခဲ့သည်။

ကွမ်ဒေါင်ပြည်နယ် ကျုဟိုင်မြို့ တွင် အသက် ၆၀ရွယ် အမျိုးသားကြီး တစ်ဦးကို ဓာတ်မှန် ရိုက်ရာတွင် စအိုခေါင်းတွင်းသွတ်သွင်း ရောက်ရှိ နေသည့်ပုလင်းတစ် လုံးကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ မီးစာကုန်ဆီ ခမ်း မျှော်လင့်ချက်မဲ့နေသည့် ယင်းလူနာက ဝမ်းကိုက်ဝေဒနာကို ခံစားနေရသဖြင့် ကိုယ်တိုင် စအိုတွင်း ပုလင်းထိုး ထည့်ကာ ဝမ်းချုခဲ့မိခြင်း ဖြစ်သည်ဟု အထပ်ထပ် ပြောကြောင်း ဆရာဝန်များက ပြောသည်။ စအိုအတွင်း ပုလင်း တစ်ပုလင်းလုံး မြှုပ်ဝင် ရောက်ရှိ နေသည့် ဝေဒနာကို ယင်းလူနာ အမျိုးသား ဖြစ်သူခ မျာ မသက်မသာ ခံစား နေရပြီး ကိုယ်ဘာသာ ပြန်ထုတ်မရ ဖြစ်နေသည့်အတွက် နောက်ဆုံးတွင် ဆေးရုံ သို့ရောက် ရှိလာခဲ့ခြင်း ဖြစ်သည်။

ထူးထူးဆန်းဆန်းအဖြစ်အပျက်ဖြစ်၍ ဆေးရုံဝန်ထမ်းများကြား ယင်းဓာတ်မှန်ပုံကို အချင်းချင်းဖြန့် ဝေရာမှ လူသိများသွားခဲ့ခြင်းဖြစ်သည်။ သို့ သော်လည်း ကာ ယကံရှင်အတွက် ကံကောင်းသည်က မည်သူမည် ဝါဖြစ်ကြောင်း အတိအကျ ပြောဆိုကြခြင်းမရှိ၍ဖြစ်သည်။
Mizzima - News in Burmese
Ref: Mirror

0 comments:

Post a Comment