Thursday, October 9, 2014

စတာလင်ပေါင် ၁ သန်းခွဲ (ကျပ်ငွေ သိန်း ၂ သောင်း) ခန့်တန်ကြေးရှိသည့် ဘူဂါဒီ ပြိုင်ကား စက်ဖုန်းပေါ်ရှိ ကျားအင်္ဂါပုံကို ဘယ်သူဆွဲခဲ့သလဲ

အောက်တိုဘာ ၁၀
ကမ္ဘာ့ဈေးအကြီးဆုံး ပြိုင်ကားများကိုထုတ်လုပ်သည့် ဘူဂါဒီကုမ္ပဏီထုတ် Bugatti Veyron sportscar ၏ကာလတန်ကြေးမှာ စတာလင်ပေါင် ၁ သန်းခွဲ ရှိသော်လည်း ကား၏စက်ဖုန်း (bonnet) ပေါ်ရှိ ကျား အင်္ဂါပုံ မှုတ်ဆေးကြောင့် ကားပိုင်ရှင်မှာ စတာလင်ပေါ် ၅၀၀၀၀၀ ခန့် ကုန်ကျမည့် ပြင်ဆင်မှုကိုပြုလုပ် ရတော့မည်ဖြစ်သည်။

အင်တာနက်ပေါ်တွင်ပျံ့နှံ့လျက်ရှိသည့် ၎င်းကား၏ဓါတ်ပုံမှာ အမေရိကန်နိုင်ငံရှိ ဆီတဲလ် လမ်းပေါ်တွင် ရပ်နားထားစဉ်ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး ငွေရောင်ဖြင့်ချယ်သထားသည့် ကား၏စက်ဖုန်းပေါ်မှ ကျားအင်္ဂါပုံ မှုတ်ဆေးကြောင့် မြင်ရသူတိုင်း အံ့အားသင့်စေလျက်ရှိသည်။

ဘူဂါဒီကုမ္ပဏီထုတ် Bugatti Veyron 16.4 Grand Sport ကားသည် တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ၂့၆ စက္ကန့်အတွင်းရောက်ရှိအောင်မောင်းနှင်နိုင်သည့် စွမ်းဆောင်ရည်နှင့်အတူ အခြားသော ထူးခြားသည့် စွမ်းဆောင်ရည်များပိုင်ဆိုင်ထားသလို ကမ္ဘာ့ဈေးအကြီးဆုံးကားတစ်စီးလည်းဖြစ်သည်။ Reddit, Twitter နှင့် အခြားလူမှုကွန်ယက်ဝက်ဆိုက်များ၌ စက်ဖုန်းပေါ်တွင် ကျားအင်္ဂါပုံ မှုတ်ဆေးပန်းချီ (Graffiti) ဖြင့် Bugatti Veyron ကား၏ဓါတ်ပုံမှာ လူအများစု၏ စိတ်ဝင်တစားကြည့်ရှုလေ့လာမှုကိုခံနေ ရပြီး အမြင်အမျိုးမျိုးဖြင့် ဝေဖန်ကြလျက်ရှိသည်။

အချို့က ၎င်း (Graffiti) ပုံသည် အနုပညာအမြင်ဖြင့်ကြည့်ရှု့ပါက လက်ရာမြောက်နေတာကြောင့် ၎င်းပုံကို ပန်းချီအနုပညာကိုချစ်မြတ်နိုးသူ တစ်ဦးဦး ကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိရေးဆွဲခဲ့ခြင်းဟု ယူဆလျက်ရှိပြီး၊ အချို့ကတော့ လမ်းသရဲများက ဖျက်လိုဖျက်ဆီး စိတ်ဓါတ်ဖြင့် သူတစ်ပါးပျက်စီးအောင်ပြုလုပ်ခဲ့ခြင်းဖြစ် သည်ဟူ၍ အမျိုးမျိုးဝေဖန်လျက်ရှိကြသော်လည်း ကားပိုင်ရှင်ဖြစ်သူက ဖြေရှင်းချက်တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပေ။
(အောင်ဟိန်းခိုင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment