15 October 2014
AFC U 19 ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်မှာ မြန်မာအသင်းဟာ ယူအေအီးနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ အုပ်စု ဘီ ပွဲစဉ်မှာ ယူအေအီးက အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်လိုက်လို့ ၅ မှတ်ရပြီး အုပ်စုဗိုလ်နဲ့ ကွာတားကို တက်လာတာပါ။
ဥဇဘက်ကစ္စတန်နဲ့ သြစတြေးလျ ပွဲစဉ်မှာ တဂိုးစီ သရေကျလို့ နှစ်သင်းစလုံး ၅ မှတ်စီ ရထားပေမယ့် ဥဇဘက်ကစ္စတန်က သွင်းဂိုး အားသာချက်နဲ့ အုပ်စု ဒုတိယရပြီး ကွာတားကို တက်ရောက်သွားတာပါ။
မြန်မာယူ ၁၉ အသင်းနဲ့ ယူအေအီးတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အောက် တိုဘာ ၁၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
DVB (မြန်မာပိုင်း)
Tuesday, October 14, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment