Thursday, October 23, 2014

သူငယ်ချင်းပါကြီး ဆုံးပြီတဲ့

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သုံးရောင်ခြယ်အဖွဲ့ဝင် အလွတ်တန်းသတင်းထောက်
အသက် (၄၉) နှစ်ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက် မှ ဒေါ်သန္တာ၏
ခင်ပွန်းကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သည်ကျိုက်မရောတွင် စစ်တပ်မှ မတရား
ဖမ်းဆီး နှိပ်စက်ခံရ၍သေဆုံးသွားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်လာပါသည်။

ယနေ.နံနက်ပိုင်းက အရှေ.တောင်တိုင်းစစ်ဌာနချုပ်ရှိ စရဖမှ မော်လမြိုင်ရှိ ဒေသခံ
သတင်းထောက်များအား ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် နှင့် ကိုပါကြီး၏ဇနီးဖြစ်သူအား
ဆက်သွယ်နိုင်မည့် ဖုံးနံပါတ်နှင့်လိပ်စာ လိုအပ်ကြောင်းပြောဆိုခဲ့သည်ဟု သိရှိရ
ပါသည်။

ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာမှာ လောလောဆယ်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို.
တွင် ဆုသွားရောက်လက်ခံရယူနေသည့်အတွက် ဆက်သွယ်မရခဲ့ကြောင်း၊ ညနေ
ပိုင်းတွင် ကိုပါကြီးမှာ တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထိမ်းသိမ်းစစ်ဆေးနေစဉ်
ကာလမှာသေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အရှေ.တောင်တိုင်းစစ်ဌာနချုပ်မှ ဒေသခံ
သတင်းထောက်များအား သတင်းတစ်ရပ်ထုတ်ပြန်ပေးခဲ့ကြောင်း စိတ်မကောင်းကြီးစွာ
ကြားသိခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို.တွင်ရောက်ရှိနေသော ကိုပါကြီး၏ဇနီး မသန္တာထံဖုံးဖြင့်
ဆက်သွယ်မေးမြန်းခဲ့ရာ သူမအနေဖြင့်လည်း မော်လမြိုင်ဒေသခံ သတင်းထောက်
များထံမှ အထက်ဖော်ပြကဲ့သို.ပင် ကြားသိရပါကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းများအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိပါသည်။
Kyaw Swar Myint
https://www.facebook.com/kyaw.s.myint.9?fref=ts

0 comments:

Post a Comment