Tuesday, October 14, 2014

ရန်ကုန်မြို့၌ စည်းကမ်းမဲ့မောင်းနှင်မှုများနှင့် ယာဉ်တိုက်မှုများကြောင့် ခရီးသည်တင်ယာဉ်များအား ညာဘက်ယာဉ်ကြောမှသာ မောင်းနှင်ရန် သတ်မှတ်

တစ်ဖက်ယာဉ်ကြောမှ ကြားဖြတ်ဝင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေ ဂုံတိုင်လမ်းမကြီးပေါ်တွင် စက်တင်ဘာနောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 October 14, 2014
 ရန်ကုန် တိုင်းဒေ သကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်နေမှုများ၊ ယာဉ်တိုက်မှုဖြစ်စဉ်များနှင့် ယာဉ်ကြော ကျပ်တည်းနေမှု များကြောင့် ခရီးသည်တင်ယာဉ်များအားလုံးကို ညာဘက်ယာဉ်ကြောမှသာ မောင်းနှင်ရန် စတင်သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် ရန်ကုန် မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ အောက်တိုဘာ ၁၄ ရက်တွင် စုံစမ်းသိရသည်။

အဆိုပါအချက်အလက်များကြောင့် ခရီးသည်တင်ယာဉ်များအားလုံးကို ညဘက်လမ်းကြောင်းများ မှ မောင်းနှင်ရန် စတင်သတ်မှတ်လိုက်မှုကြောင့် လိုက်နာခြင်းမရှိသည့် ယာဉ်မောင်းများအား အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုသတ်မှတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ စည်းကမ်းဖောက်မှုတွေကြောင့်လည်း ပါတယ်။ ကြိုက်တဲ့လမ်းကြောင်းတွေက မောင်းနှင်တဲ့အခါမှာ  ယာဉ်တိုက်မှုတွေဖြစ်လာတယ်။ ယာဉ်ကြောတွေ လည်း ပိုပြီးကျပ်လာလို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်။ ကြေညာပြီးသွားရင် လိုက်နာဖို့လိုပါတယ်။ လိုက်နာမှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်ဖမ်းဆီးမှုတွေ ပြုလုပ်သွားမယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး လင်းထွဋ်က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

လိုက်နာခြင်းမရှိသည့် ယာဉ်မောင်းများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ ပုဒ်မ ၂၂ အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့တော့ အခု Down Town မြို့နယ်တွေကို ဦးစားပေးပြီးတော့ ခရီးသည်တင် ယာဉ်တွေ မောင်းနှင်ဖို့ မျဉ်းတွေကို စတင်ဆွဲနေပြီ။ ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာလမ်းမတွေ နေ ရာတော်တော်များ များပြီးသွားပါပြီ။ ဈေးသည်တွေ စနစ်တကျ ဖြစ်ရေးကိစ္စအတွက် တခြားဌာန က ဆောင်ရွက်နေတယ်လို့သိရတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်း/ တံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်းတစ်နေရာ၌ ယာဉ်ကြောပိတ်ဆို့နေမှုအား
အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်သွားလာနေသောယာဉ်များအနက် စည်းကမ်းမဲ့မောင်းနှင်ခဲ့သည့် ယာဉ်အစီးရေ သုံးသိန်းနီးပါးကို ယခုနှစ် ကိုးလအတွင်းစစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးအရေးယူခဲ့မှုတွင် ဇန်နဝါရီလအတွင်း၌ ၂၉၈၄၁ စီး၊ ဖေဖော်ဝါရီလတွင် ၂ဝ၃၈၇ စီး၊ မတ်လတွင် ၃၃ဝ၄၇ စီး၊ ဧပြီလတွင် ၂၄၁၈၂ စီး၊ မေလတွင် ၃၂၈ဝ၈ စီး၊ ဇွန်လတွင် ၄၁၇၄၁ စီး၊ ဇူလိုင်လတွင် ၄၁ဝဝ၇ စီး၊ ဩဂုတ်လတွင် ၃၇၄၅၆ စီးနှင့် စက်တင်ဘာလတွင် ၃၇၆၆၆ စီးတို့ကို အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါအရေးယူမှုများမှာ ချက်လံဖြတ်အရေးယူမှု၊ စီစီတီဗွီကင်မရာဖြင့် အရေးယူမှုနှင့် တိုင်စာဖြင့်အရေး ယူမှုများဖြစ်ကြောင်း စုံစမ်းသိရသည်။
ဝင်းမြင့်ကျော်
Eleven Media Group

0 comments:

Post a Comment