Wednesday, October 15, 2014

အီရတ်နိုင်ငံတွင် ကားဗုံးကွဲ၊ ၂၅ ဦး သေဆုံး

15 October 2014
အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က အသေခံ ကားဗုံးခွဲမှုအတွင်း အနည်းဆုံး လူ ၂၅ ယောက် သေဆုံးသွားပါတယ်။

ရှီယားမွတ်စလင်တွေ နေထိုင်တဲ့ရပ်ကွက်ဆီကို သွားတဲ့ စစ်ဆေးရေးဂိတ်အတွင်း ပေါက်ကွဲမှု ဖြစ်တာပါ။

သေဆုံးသူတွေထဲမှာ လွှတ်တော်အမတ်တယောက်လည်း ပါဝင်တယ်လို့ ရဲအဖွဲ့၊ ဆေးအဖွဲ့နဲ့ လွှတ်တော်တာဝန်ရှိတွေသူက ပြောပါတယ်။

ရှီယားမွတ်စလင်တွေ အထွတ်အမြတ်ထားတဲ့ ဗလီတည်ရှိတဲ့ ရပ်ကွက်ဆီ အ၀င်လမ်းမှာ မွန်းလွဲပိုင်းက ကားတွေ တန်းစီနေချိန်မှာ ပေါက်ကွဲမှု ဖြစ်တာပါ။

နောက်ထပ် အနည်းဆုံး ၇၇ ယောက်လည်း ဒဏ်ရာရသွားပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသကို သိမ်းထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက် အဖွဲ့ဟာ ဘဂ္ဂဒတ်မြို့တော်မှာ ဒီလို တိုက်ခိုက်မှုတွေကို အရင်ကလည်း လုပ်ခဲ့ပါတယ်။
DVB TV News

0 comments:

Post a Comment