Thursday, October 9, 2014

ဆိုလာပြားဖြင့် ဘထ္ထရီအားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီးမီးလောင်

Photo google
နေပြည်တော်၊ အောက်တိုဘာ ၉
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ နယ်၊ ဆယ်လောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ စန်းဦး(၄၁)နှစ်၏နေအိမ်တွင် ဆိုလာပြားဖြင့် ဘထ္ထရီအားသွင်းထားရာမှ အပူရှိန် လွန်ကဲပြီး နေအိမ်အကာသက်ကယ်အား မီးစွဲလောင်ကျွမ်းကာ ကပ်လျက်ရှိ ဦးတင်ထွန်း၏နေအိမ် သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ၀ိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီ ၄၅ မိနစ် အချိန် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသောကြောင့် စန်းဦးအား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း(ပ)၃၄/၂၀၁၄၊ ပြစ် မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

0 comments:

Post a Comment