Tuesday, October 21, 2014

မြန်မာနိုင်ငံသား သစ်စက်အလုပ်သမားတယောက် ကားမှောက်သေဆုံးခြင်းအတွက် လျှော်ကြေးငွေ လေးသိန်း လက္ခံရရှိခြင်း

ထိုင်းနိုင်ငံတောင်ပိုင်း စုရာဒ်ဋ္ဌာနီခရိုင် ဘန်းစောင်းမြို့နယ်တွင်တည်ရှိသော သစ်စက်တခုတွင်အလုပ် လုပ်နေသော မြန်မာလုပ်သား ဆန်းမင်းအောင်သည် (၁၅-၃-၂၀၁၄)ရက် မနက်(၈)နာရီကျော်လောက်တွင် အလုပ်ရှင်ပိုင် နောက်သစ်စက်တခုသို့သွားရာလမ်းခုလပ်တွင် ကားရှေ့ဘီးပေါက်၍ တိန်းမှောက်သွား သဖြင့် သေဆုံးသွားသည်။

 ၎င်းကိစ္စအား အလုပ်ရှင်ဘက်မှထိထိရောက်ရောက် ၇သင့်ရထိုက်သည်များအား ဆောင်ရွက်ပေး မှု့မရှိသဖြင့် သေဆုံးသူ၏အမဖြစ်သူ မနုနုဝင်းမှ ထိုင်းနိုင်ငံတောင်ပိုင်း စုရာဒ်ဋ္ဌာနီခရိုင် တွင်အခြေစိုက်သော ထိုင်း-မြန်မာနိုင်ငံသားများကူညီမှု့အသင်းသို့ တိုင်ကြားခဲ့သည်။

၎င်းအသင်းဥက္ကဋ္ဌ ဦးကျော်လှမောင် မှ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးသိန်းနိုင် ထံသတင်းပို့ရာ ဦးသိန်းနိုင်မှ ၎င်းကိစ္စအားအတတ်နိုင်ဆုံးဆောင်ရွက်ပေးပါရန်နှင့် လိုအပ်သော ကူညီမှု့လို လျှင် အချိန်မရွေးတောင်းဆိုနိုင်ပါသည်ဟု တာဝန်ပေးလာပါသဖြင့် ရဲစခန်းသွားရောက်အမှု့ဖွင့်ခြင်း၊ ကားအသက်အာမခံဋ္ဌာနသို့သွားရောက် စုံစမ်းမှု့ပြုလုပ်ခြင်း၊ အလုပ်ရှင်ထံသို့သွားရောက် မေးမြန်း စုံစမ်းခြင်း၊ စသည်များကိုဆောင်ရွက်ခဲ့သည်။

ကားအသက်အာမခံဋ္ဌာနမှ သေဆုံးသူ၏မိခင်မှသာ အကျိုးခံစားခွင့်ရှိသည်ဟု အကြောင်းကြားလာသဖြင့် အသင်းဥက္ကဋ္ဌ-ဦးကျော်လှမောင်သည် သေဆုံးသူ၏မိခင်နေထိုင်သော ရန်ကုန်တိုင်း တံတားမြို့နယ် ပုတ္တလုပ်ကျေးရွာသို့သွားရောက်ပြီး သေဆုံး သူ၏မိခင်ဖြစ်သော ဒေါ်စန်းနွဲ့အား ရန်ကုန်သို့ခေါ်လာကာ Passport ပြုလုပ်ခြင်း၊ လိုအပ်သော စာရွက်စာတမ်းများ ထောက်ခံစာများအား နိုထြီ ပြုလုပ်ခြင်း၊ ထိုင်း သံရုံးမှ Visa တောင်းခံခြင်းများပြုလုပ်၍ ထိုင်းနိုင်ငံသို့ခေါ်ဆောင်လာပြီး လျှော်ကြေးငွေရရှိရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်လာခဲ့သည်။

(၂၁-၁၀-၂၀၁၄)ရက်နေ့တွင် ဘတ်ငွေ(၄၀၀၀၀၀-ဘတ်)အား နခွင်ဆီဋ္ဌာမရခရိုင် ထုံးယိုင်မြို့ ရဲစခန်းတွင် သွားရောက်လက္ခံရရှိပါကြောင်း သက်ဆိုင်သူလူကြီးမင်းများအားရိုသေလေးစားစွာ အစီရင်ခံအပ်ပါသည်။

ဤကိစ္စအားမြန်မာနိုင်ငံသို့ သွားရောက်ဆောင်ရွက်ရာတွင် အောက်ဖေါ်ပြပါ ပုက္ကိုလ်များမှကူညီဆောင် ရွက်ပေးပါသည်။
-ဦးကျော်ဇော(ဒု-အတွင်းရေးမှုး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်ဆီ)
-ဗိုလ်ကြီးမိုးကျော်(အငြီမ်းစား)
-ဦးမောင်မောင်သွင်( အေဂျင်ဆီ)
kyaw hla maung

0 comments:

Post a Comment