Thursday, October 23, 2014

ကနေဒါ - အကြမ်းဖက်မှု တိုက်ဖျက်ရေး အရှိန်တိုးမြှင့် လုပ်ဆောင်သွားမယ်

ကနေဒါမှာ ဒီရက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အရှိန် တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ် စတီဖန်ဟာပါက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့် သွင်း ပြောကြားသွားကြောင်း Reuters သတင်းတစ်ရပ်မှာ ရေးထားပါတယ်။

“ကနေဒါက ဘယ်တော့မှ ခြိမ်းခြောက်မှုကို လက်ခံမှာ မဟုတ်ဘူး” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက် အဖွဲ့အစည်းတွေကို တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက် အန္တရာယ် ကြိုကာကွယ်ရေးတွေမှာ နှစ်ဆ တိုးပြီး အားထုတ်သွားမယ်လို့လည်း သူက ပြောသွားပါတယ်။

အစ္စလာမ်ဘာသာကို ကူးပြောင်းထားသူ တစ်ဦး ပြီးခဲ့တဲ့ တနင်္လာနေ့က ကနေဒါ စစ်သားနှစ်ဦးကို ကားနဲ့ လိုက်တိုက်ခဲ့တာကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့ရပြီး ကားမောင်းသမား ကိုလည်း ရဲများက ပစ်သတ်ခဲ့ပါ တယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းကလည်း သေနတ်ကိုင်ထားသူ တစ်ဦး ပါလီမန်အတွင်း ဝင်ရောက်အကြမ်း ဖက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ သေနတ်သမားဟာ ပါလီမန်ထဲ မဝင်ခင်မှာ စစ်သားတစ်ဦးကို ပစ်သတ်ခဲ့ ပါတယ်။

တနင်္လာနေ့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ဗုဒ္ဓဟူးနေ့မှာ ဖြစ်ခဲ့တဲ့ ပါလီမန် တိုက်ခိုက်မှုတွေ ဆက်စပ်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
The Voice Weekly

0 comments:

Post a Comment